Chapter 1
Phu:
Chapter 1ဝမ်ချီ မျက်လုံးဖွင့်လိုက်ချိန်တွင် နံ့သာဖြူသစ်သားဖြင့် ပြုလုပ်ထားသည့် အိပ်ရာဘောင်နှင့် အဖြူရောင်ခန်းဆီးစတို့က သူ့အား ကြိုဆိုနေ၏။
သူက ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် ရှေးဟောင်းပုံစံ အိပ်ခန်းတစ်ခုအား မျက်စိရှေ့၌ တွေ့လိုက်ရသည်။
ဝမ်ချီက ထိတ်လန့်သွားကာ စိတ်ထဲတွင် ကျန်ရှိနေသည့် အိပ်ချင်စိတ်လေးပင် ပျောက်ကွယ်သွားရသည်။ သူက မည်သို့မှ မတုံ့ပြန်နိုင်သေး။
သူ ခဏလေး အိပ်ပျော်သွားတာ ဘယ်လိုလုပ်ပြီး ဒီငရဲလိုနေရာ ရောက်နေတာလဲ …
ဝမ်ချီသည် ပေဖျောင်း(beipiao) တစ်ဦးဖြစ်ပြီး ပေကျင်းထံသို့ တရုတ်နိုင်ငံ အခြားဒေသများမှ အသက်မွေးဝမ်းကျောင်းလုပ်ရန် ပြောင်းရွှေ့လာသည့် လူများအနက် တစ်ဦး ဖြစ်သည်။ ဘွဲ့ရပြီးသည့်နောက် သူက ဇာတ်ညွှန်းရေးဆရာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့၏။ ကံမကောင်းစွာဖြင့် ဘွဲ့ရရှိချိန်မှာ တိုတောင်းလှပြီး အတွေ့အကြုံမှာလည်း နည်းပါးလွန်းလှသဖြင့် သူက အခြားလူများအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးရတော့၏။
မကြာသေးခင်က သူ၏ဆရာသည် ဝတ္ထုတစ်ပုဒ်ကို ဇာတ်ညွှန်းအဖြစ် ပြောင်းပေးရန် အလုပ်ရခဲ့သည်။ ဆရာက အလွန်အလုပ်များနေသည့် အလျောက် ဝမ်ချီအား မူလဝတ္ထုကို ဖတ်ကာ ဇာတ်ညွှန်းအဖြစ် ရေးရန် စေခိုင်းလိုက်၏။
အခွင့်အလမ်းကို စောင့်နေခဲ့သည့် ဝမ်ချီသည် စိတ်အားထက်သန်စွာဖြင့် အလုပ်ကို လက်ခံလိုက်သည်။ ထို့ကြောင့် သူက မူလဝတ္ထုကို နှစ်ရက်နှင့်နှစ်ညကြာ သုံးခေါက်ဖတ်ခဲ့၏။
သူ ဝတ္ထုအား သုံးကြိမ်မြောက် ဖတ်ပြီးချိန်တွင် မနက် ခြောက်နာရီပင် ထိုးနေလေပြီ။ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်မှာ မိုးပြာရောင်သမ်းနေပြီး မိုးကုတ်စက်ဝိုင်းတစ်လျှောက် ရောင်နီများ ယှက်သမ်းနေ၏။
ဝမ်ချီက အာခေါင်ခြောက်လာသဖြင့် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။ ထို့နောက် ခွက်ကိုကိုင်၍ ရေသောက်ရန် မီးဖိုခန်းထံသို့ ဦးတည်လိုက်၏။
YOU ARE READING
အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်
Historical FictionTITLE- Transmigrated to become the Tyrant's Male Concubine သက်ဦးဆံပိုင် အာဏာရှင်၏ ကိုယ်လုပ်တော်အဖြစ် ကူးပြောင်းခြင်း (ဝမ်ချီ) Description 💥 သူနိုးလာသည့်အခါ ဝမ်ချီသည် ဝတ္ထုတစ်ခုထဲသို့ ကူးပြောင်းလာခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုဝတ္ထု၏ အဓိကဇာတ်ဆော...