chapter 37

1.3K 197 11
                                    

Chapter 37
June 13, 2024
💮Chapter 37

ကံဆိုးသည်က ဝမ်ချီ စည်းလွတ်ဝါးလွတ် မပြောမိမီ သူ့မေးကို ဖိကိုင်ထားသည့် ရှစ်ယဲ့၏လက်က ပိုမိုတင်းကျပ်ကာ အားပါလာသည်။

"အား..."

ဝမ်ချီတစ်ယောက်​ ကြောက်လွန်း၍ ပခုံးများပါတုန်လာသည်။ ထို့နောက် အကျင့်ဖြစ်နေသည့်နှယ် ချက်ချင်းလက်ငင်း တောင်းပန်စကားဆိုတော့သည်။

"အရှင့်သား...ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ...ကိုယ့်အမှားကိုယ်သိပါပြီ..."

ရှစ်ယဲ့က ညံ့ဖျင်းလှသည့် သူ့အလိမ်အညာစကားကို ရိပ်မိသွားပုံရသည်။ မှင်သေသေမျက်နှာထားဖြင့် အနားသို့ပိုချဥ်းကပ်လာပြီး ထွက်လေနွေးနွေးက သူ့မျက်နှာပေါ်သို့ ကျရောက်လာ၏။

"ပန်ကုန်း မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်... နောက်တစ်ခေါက်ထပ်ပြီး ပန်ကုန်းကို အရူးလုပ်ဦးမယ်ဆိုရင် မင်းရဲ့သွားတွေကို တစ်ချောင်းပြီးတစ်ချောင်း ဆွဲနှုတ်ခိုင်းလိုက်မှာနော်..."

ကြောက်စိတ်ကြောင့် ဝမ်ချီ အသက်ပင်ဖြောင့်ဖြောင့်မရှူရဲပေ။ ထို့နောက် ခက်ခက်ခဲခဲ ပင့်သက်ရှိုက်လိုက်ပြီးမှ အကြံတစ်ခုရသွားသည်။

"အရှင့်သားမေးတဲ့မေးခွန်းကို ပြန်ဖြေပါ့မယ်... ဖက်ခ်ဆိုတဲ့စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်က မြက်ပန်းဆိုတဲ့ အဓိပ္ပါယ်ပါ..."

သူ့စကားမဆုံးလိုက်မီ ရှစ်ယဲ့က သူ့မေးစေ့ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆွဲမော့ပစ်သည်။

နာကျင်မှုကြောင့် ဝမ်ချီ၏ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတစ်ခုမှာ ချက်ချင်းလက်ငင်း အနီရောင်ပြောင်းသွားကာ မျက်အိမ်ထောင့်တွင်မျက်ရည်များပါဝဲလာ၏။ မေးစေ့ကို အားပါပါဆွဲမော့နေသောကြောင့် ကြောက်စိတ်အလုံးအရင်းနှင့်အတူ အတင်းခေါင်းမော့ထားရသည်။ ရှစ်ယဲ့က အရှိန်အဝါနှင့် သူ့အား ဖိနှိပ်ထားသဖြင့် တစ်ကိုယ်လုံး တုန်ရီလာသည်။

"အဲ...အဲဒါက ဒီအတိုင်းအာမေဋိတ်အနေနဲ့သုံးတဲ့စကားလုံး..."

ဤတစ်ကြိမ်တွင်မူ သူ့ဦးနှောက်တစ်ခုလုံး ပရမ်းပတာဖြစ်နေပြီး သူ့စကားသံတို့ကလည်း ဗလုံးဗထွေးပင်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်Where stories live. Discover now