chapter 34

350 90 2
                                    

Chapter 34
June 13, 2024
💮Chapter 34

ရှစ်ယဲ့ကြောင့် ဂွမ်းစောင်ထဲမှ ခေါင်းထောင်လာသော ဝမ်ချီတစ်ယောက် အလင်းရောင်စူးစူးကို ရုတ်ချည်းမြင်လိုက်ရ၍ မျက်လုံးများအား မှေးကျဥ်းလိုက်မိသည်။

ရှစ်ယဲ့၏ ပေါင်ပေါ် မှတစ်ဆင့် အပေါ်သို့တောက်လျှောက်တက်သွားသော သူ့လက်တို့က မီးလောင်ပြာကျတော့မလို ခံစားနေရ၏။

ထိုအခိုက်အတန့်တွင် ရှစ်ယဲ့အား ပွတ်သီးပွတ်သပ်လုပ်နေမိမှန်း သူ့ခန္ဓာကိုယ်က လက်တွေ့ကျကျ နားလည်သွားတော့သည်။

ဝမ်ချီတစ်ယောက် ပွတ်သီးပွတ်သပ်ဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို နားလည်ရန်ကြိုးစားရုန်းကန်နေခိုက် သူ့လက်တို့က ရှစ်ယဲ့ကိုယ်ပေါ်တွင် ရှိနေသေးသည်ကို သတိထားမိလိုက်သည်။

သေစမ်း....

ခွေးမင်းသားက သူ့လက်အား အပိုင်းပိုင်းခုတ်ထစ်လှီးဖြတ်ပစ်တော့မည်ကို သူခံစားမိသည်။

သူ့အတွေးနှင့်သူ ကြောက်လန့်တကြားဖြစ်နေသော ဝမ်ချီခမျာ ပခုံးတွန့်ရင်း ရှစ်ယဲ့၏မျက်နှာအမူအရာကို  အသေအချာ အကဲခတ်နေရသည်။

သို့သော် ရှစ်ယဲ့က သူ့အား ခံစားချက်မပါသော မျက်နှာသေဖြင့် အေးစက်စက်စိုက်ကြည့်ပြီး တစ်ခဏအကြာတွင် မျက်လုံးပြန်မှိတ်သွားသည်။

ဝမ်ချီ: "........."

ငါပဲစိတ်ချောက်ချားပြီး မှားမြင်တာများလား.... ဒါမှမဟုတ် ရှစ်ယဲ့က လုံးဝနှိုးသွားတာမဟုတ်ဘဲ အိမ်မက်ယောင်ရင်း မျက်လုံးပွင့်လာတာလား....

ဝမ်ချီတစ်ယောက် တုတ်တုတ်မျှမလှုပ်ရဲသလို စကားတစ်ခွန်းမှလည်း မပြောရဲပေ။ သူ့မျက်စိရှေ့က ရှစ်ယဲ့ကို အနှောင့်အယှက်ပေးမိမည်စိုး၍ အသက်ကိုပင် ဖြေးဖြေးလေးရှူနေမိသည်။

သို့သော်ငြား ရှစ်ယဲ့က အသက်ရှူသံမှန်မှန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပုံရပြီး မျက်လုံးထပ်ပွင့်မလာတော့ပေ။

ဝမ်ချီတစ်ကိုယ်လုံး သစ်သားသဖွယ်တောင့်တောင့်ကြီးဖြစ်နေသည်။ အိပ်မောကျနေသောရှစ်ယဲ့၏ မျက်နှာလေးကို တစ်ခဏမျှငေးကြည့်လိုက်သောအခါ သူ့စိတ်ထဲတွင်တင်းနေသောကြိုးမှာ ဖြေးဖြေးချင်းပြေလျော့သွားသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်Where stories live. Discover now