Chapter 20
June 13, 2024
💮Chapter 20ဤသို့ဖြင့် နောက်တစ်နေ့ နံနက်ခင်းတွင် ဝမ်ချီက စောစောစီးစီးထကာ တစ်နာရီကြာ အချိန်ယူ၍ ဆေးကြောသန့်စင်ခဲ့သည်။ ထို့နောက် မင်းကြီးနှင့် သွားတွေ့ရန် အသင့်ပြင်နေ၏။ သူ ခြံဝန်းအတွင်းသို့ခြေချလိုက်သည်နှင့် ရှစ်ယဲ့နှင့် မိန်းမစိုးကျိုးတို့အား တွေ့လိုက်ရမည်ဟု မထင်ထားခဲ့ပေ။ နံဘေးတွင် ယောထောင်၊ ယောဖန်းနှင့် ဖင်အန်းတို့က တုန်တုန်ယင်ယင်ဖြင့် ခေါင်းငုံ့လျက်ရှိကြသည်။
တစ်ခဏချင်းဆိုသလိုပင် ဝမ်ချီက ဝိညာဉ်လွင့်မတတ် ကြောက်ရွံ့သွားရ၏။
ရှစ်ယဲ့က ရေခဲပြာရောင် ဝတ်ရုံအား ဝတ်ဆင်ထားသည်။ ဝတ်ရုံ၏ အနားသတ်တွင် နှင်းဖြူရောင် ပန်းကြိုးများဖြင့် အနားကွပ်ထားကာ ကျော့ရှင်းသော ဝါးရွက်ပုံစံများ ရိုက်ခတ်ထား၏။ ရှည်လျားနက်မှောင်သည့် ဆံနွယ်များကိုမူ ဖြူဆွတ်ဆွတ်ကလစ်ဖြင့် ထိန်းထားလျှက် ရှိပြီး ရှင်းလင်းပြေပြစ်သော မျက်နှာသွင်ပြင်ကို ထင်ရှားစေလျက်ရှိသည်။
သူ့မျက်နှာ၏ တစ်ဝက်နီးပါး ဖုံးအုပ်လျှက်ရှိသော မီးလောင်ရာများကြောင့် မဟုတ်လျှင် ရှစ်ယဲ့ မည်မျှ ချောမောနေမည်ဖြစ်ကြောင်း ဝမ်ချီ ခန့်မှန်းမရနိုင်ပေ။
မူလတွင် ရှစ်ယဲ့က အဝေးရှိ ဂန္ဓမာပန်းရိုင်းများကို ငေးနေ၏။ ဝမ်ချီ၏ခြေသံကို ကြားရသည့်နောက် သူ၏ အေးစက်စက် အကြည့်သည်လည်း ဝမ်ချီ့ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဝမ်ချီက ခဏကြာ တောင့်ခဲသွားပြီးနောက် နှုတ်ဆက်လိုက်၏။
“အိမ်ရှေ့စံမင်းသား … ”
ရှစ်ယဲ့က ခပ်တိုးတိုး ဟမ့် ကနဲ့ အသံပြုလိုက်သည်။ ထို့နောက် ခွေးကလေးတစ်ကောင်ကို ခေါ်နေသကဲ့သို့ ဝမ်ချီအား လက်ယပ်ခေါ်လိုက်၏။
“ဒီကိုလာ ...”
ဝမ်ချီက လိပ်ကလေးကဲ့သို့ တွန့်ဆုတ်သော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည်။ သို့သော် ရှစ်ယဲ့နှင့် သူ့ကြားရှိ အကွာအဝေးမှာ များများစားစား မရှိသည့်အလျောက် မကြာခင်မှာပင် ရှစ်ယဲ့အရှေ့သို့ ရောက်ရှိသွား၏။
YOU ARE READING
အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်
Historical FictionTITLE- Transmigrated to become the Tyrant's Male Concubine သက်ဦးဆံပိုင် အာဏာရှင်၏ ကိုယ်လုပ်တော်အဖြစ် ကူးပြောင်းခြင်း (ဝမ်ချီ) Description 💥 သူနိုးလာသည့်အခါ ဝမ်ချီသည် ဝတ္ထုတစ်ခုထဲသို့ ကူးပြောင်းလာခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုဝတ္ထု၏ အဓိကဇာတ်ဆော...