chapter 12

1.7K 228 5
                                    

Chapter 12
June 13, 2024
💮Chapter 12

နောက်တစ်နေ့ နံနက်၌ …

ဝမ်ချီ မျက်လုံးဖွင့်လိုက်ချိန်တွင် အိမ်ရှေ့စံ၏ အိပ်ရာထက်၌ ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူက တစ်ဖက်သို့ အမြန်လှည့်လိုက်သော်ငြား အလွန်လန့်နေ၍ အိပ်ရာပေါ်မှ ပြုတ်ကျသွား၏။ 

အပြင်ဘက်ရှိ မိန်းမစိုးငယ်များက အမြန်လှမ်းဝင်လာကြသည်။

ကော်ဇောထက်ရှိ ဝမ်ချီအား တွေ့လိုက်ရချိန်၌ မိန်းမစိုးငယ်လေးက သက်ပြင်းချလိုက်၏။

“သခင်လေးဝမ် … အဆင်ပြေရဲ့လား … ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲ … ”

ဝမ်ချီက မိန်းမစိုးငယ်လေး၏ အကူအညီဖြင့် ထလိုက်သည်။

“အိမ်ရှေ့စံရော … ”

“အိမ်ရှေ့စံမင်းသားက ချန်းရှစ် အချိန်ကတည်းက ထသွားပါပြီ … အရှင်မင်းကြီးနဲ့ တွေ့ဖို့ဖြစ်ပါလိမ့်မယ် … ဒီအစေခံသေချာမသိပါဘူး …”

[辰时 (ချန်းရှစ်) က မနက် ၇နာရီကနေ ၉ နာရီ ကြားကို ဆိုလိုတာပါ ]

မိန်းမစိုးငယ်၏ ရာထူးက မမြင့်မားလှသဖြင့် အိမ်ရှေ့စံအား ခစားနိုင်စွမ်း မရှိချေ။ သူက ရှစ်ယဲ့အား တစ်နေ့လျှင် အကြိမ်ရေ အနည်းငယ်ခန့်သာ တွေ့ရလေ့ရှိသည်။ သို့သော် အဆိုပါ သခင်လေးဝမ်က အိမ်ရှေ့စံ၏ အိပ်ခန်းအတွင်း၌ပင် နေနိုင်စွမ်းရှိရာ သူ စော်ကားနိုင်သည့် တစ်စုံတစ်ဦးမဟုတ်ချေ။ ထို့ကြောင့် သူက ဂရုတစိုက် ခစားနေခြင်းဖြစ်၏။

“သခင်လေးဝမ် … အရင်ဆုံး ခဏနားလိုက်ပါ … ဒီအစေခံက ရေဇလုံ ယူခဲ့ပေးပါ့မယ် … ”

ဝမ်ချီက ယမန်နေ့ညက မည်သို့မည်ပုံ အိပ်ပျော်သွားခဲ့ကြောင်း သတိမရနိုင် ဖြစ်နေသည်။ သူက အိမ်ရှေ့စံ၏ အိပ်ရာရှေ့တွင် မတ်တပ်ရပ်ရင်း တဝါးဝါး သမ်းနေခဲ့သည်ကိုသာ သတိရ၏။ ထိုအချိန်က အိမ်ရှေ့စံမှာ အိပ်မပျော်သေးသည့်အလျောက် သူ့အား အိပ်ရာပေါ်၌ ထိုင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဝမ်ချီ အမှန်တကယ် ထိုင်ချခဲ့မိ၏။

ထို့နောက် သူအိပ်ပျော်သွားလေသည်။

ထိုသို့သတိရလာသည်နှင့် ဝမ်ချီ သူ့နဖူးသူ အုပ်ကိုင်လိုက်မိ၏။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်Where stories live. Discover now