chapter 35

995 148 0
                                    

Chapter 35
June 13, 2024
💮Chapter 35

ဝမ်ချီတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်နေလေသည်။

"အရှင်...အရှင့်သား..."

ရှစ်ယဲ့ တစ်ခဏမျှ တောင့်ခဲသွားသည်။ ထို့နောက် သူ့မျက်နှာပေါ်အုပ်နေသည့် ဂွမ်းစောင်ကိုဆွဲကိုင်ကာ ဖယ်ပစ်ရန်ကြိုးစားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိိန်တွင် ဝမ်ချီအတွက် တစ္ဆေသရဲတစ်ကောင်မြင်လိုက်ရသလိုပင်။ ဦးနှောက်က ဘာမှမတုံ့ပြန်နိုင်မီ ခန္ဓာကိုယ်ခြေလက်များက အလိုအလျောက်တုံ့ပြန်ကာ ကုတင်ပေါ်မှ လေးဘက်ထောက်ပြီး ဆင်းလာမိပြီးသားဖြစ်သည်။

သို့သော် အလျင်စလို လုပ်လိုက်သောကြောင့် ကုတင်ပေါ်မှအဆင်း ခြေချော်သွားကာ ခန္ဓာကိုယ်နောက်ပြန်လှန်ပြီး ကြမ်းပြင်ပေါ်သို့ အကြိမ်အနည်းငယ် ဒလိမ့်ခေါက်ကွေး လူးလှိမ့်သွားရတော့၏။

လူးလှိမ့်ခြင်း ရပ်သွားသည့်အခါမှ ကြမ်းပြင်ပေါ်တွင်လှဲနေသော သူ့အနေအထားက အတော်လေး ကို့ရို့ကားယားနှင့် ရှက်စရာကောင်းလွန်းမှန်း သူသတိထားမိသွားသည်။ ကုတင်ပေါ်မှ ဒလိမ့်ခေါက်ကွေးကျထားသောကြောင့် ခန္ဓာကိုယ်က စူးအောင့်ပြီးနာလာသည်။

ဝမ်ချီတစ်ယောက် နာကျင်မှုကြောင့် တရှူးရှူးတရှဲရှဲအသံပြုကာ လေအေးများကို နှစ်ကြိမ်ခန့် ရှုသွင်း ရှုထုတ်လုပ်နေရသည်။

ထို့နောက် သူ့ရှေ့တည့်တည့်ဆီမှ လှုပ်လှုပ်ရှားရှား အသံအချို့ကို ကြားလိုက်ရ၏။

သူမော့ကြည့်မိသောအခါ ရှစ်ယဲ့က မျက်နှာသေဖြင့် ခုတင်ပေါ်ထထိုင်နေသည်ကို တွေ့လိုက်ရသည်။ ရှစ်ယဲ့က ဝတ်ရုံအဖြူလဲဝတ်ထား၏။ ထိုဝတ်ရုံက လည်ပင်း အနည်းငယ် ဟိုက်နေသောကြောင့် တောင့်တင်းကျယ်ပြန့်သောရင်ဘတ်နှင့် လည်ခွံကွေးကြားတွင် ပုန်းကွယ်နေသည့် ကြွက်သား ကောက်ကြောင်းများကိုအတိုင်းသား မြင်နေရသည်။

အနှီအိမ်ရှေ့မင်းသား၏ မျက်နှာကပုံပျက်ပန်းပျက်ဖြစ်နေသည့်တိုင် တောင့်တင်းကျစ်လျစ်သော ခန္ဓာကိုယ်အချိုးအစားက ကြည့်ကောင်းလွန်း၍ တွေ့မြင်ရသူတိုင်းအား ရှက်သွေးဖြာသွားစေနိုင်သည်ကို သူဝန်ခံရမည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်Where stories live. Discover now