(Unicode)
"ကိုကြီး... ဒီနေ့ ယူအာ့ကို သင်တန်းလိုက်ပို့ပေးမှာမလားဟင်...??"
ဂျီမင်းရဲ့အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ယူအာက စန္ဒယားတီးသင်တန်း သွားတက်ရတာဖြစ်ပြီး ဂျီမင်းကပဲအမြဲတမ်း သင်တန်းအပို့အကြိုလုပ်ပေးရတာပါ...။ ဒါကြောင့် ခုလိုမေးလာခြင်းပင်...။
ဂျီမင်းကလည်း လိုက်ပို့ပေးဖို့ခေါင်းညိတ်မလိုလုပ်ပြီးတော့မှ တစ်ခုခုကိုသတိရသွားတယ်...။ သူ့ရဲ့ဒုတိယအကြံအစည်အရဆို ယူအာနဲ့မင်ဝူးကို အောင်သွယ်ပေးရမှာပါ...။ ဒါကြောင့် သူတို့နှစ်ယောက် အမြန်နီးစပ်ဖို့အရေး အကြံထုတ်လိုက်တယ်...။
"ကိုကြီးက ဒီနေ့ချိန်းထားတာတစ်ခုရှိတယ်... ဒီနေ့တစ်ရက်တော့ ထယ်ဝူးကိုပဲ အပို့အကြိုလုပ်ခိုင်းလိုက်မယ်လေ... ရတယ်မလား"
"သူက အားပါ့မလားကိုကြီးရဲ့"
"အားလောက်ပါတယ်... ကိုကြီးမေးပေးမယ်လေ"
ယူအာကလည်း သိပ်ထွေထွေထူးထူးမပြောဘဲ လက်ခံပေးတာကြောင့် ထယ်ဝူးဆီကိုဖုန်းဆက်ဖို့လုပ်ရတော့တယ်...။ ပိတ်ရက်ဆိုရင်သူက နေ့လည်လောက်မှ ထတတ်တဲ့သူမို့လို့ ဒီအချိန်ဆိုအိပ်နေတုန်းပဲဆိုတာ ခန့်မှန်းမိပေမယ့် ဖုန်းလှမ်းခေါ်လိုက်တယ်...။
ပထမအကြိမ်ခေါ်တော့မကိုင်ပေ...။ ဒုတိယအကြိမ်ခေါ်တော့မှပဲ တစ်ဖက်က ထယ်ဝူးက အိပ်ချင်မူးတူးအသံနဲ့ ဖုန်းပြန်ဖြေလာခဲ့တယ်...။
((ပြောလေ အချစ်))
"ထယ်ဝူးရေ ပိတ်ရက်မှာဖုန်းခေါ်ရတာ အားနာပါတယ်... ဒါပေမယ့် တစ်ခုလောက်အကူအညီတောင်းချင်လို့"
((ရပါတယ်အချစ်ရဲ့... ကိုယ်ဘာကူညီပေးရမလဲပြော))
ဒါကတော့ ထယ်ဝူးရဲ့ကောင်းတဲ့အချက်တစ်ခုပါပဲ...။ ဂျီမင်းဘာပြောပြော မငြင်းဆိုတတ်တာပေါ့...။ ဒါကလည်း လက်မထပ်ရသေးခင်မို့လို့များလား...။ လက်ထပ်ပြီးသွားတာနဲ့ ယောင်္ကျားတွေက ပြောင်းလဲသွားကြတာပဲလေ...။
"တခြားတော့မဟုတ်ပါဘူး... ငါဒီနေ့သွားစရာလေးရှိလို့ ယူအာ့ကိုသင်တန်းပို့ပေးလို့ရမလား... မင်းသိတဲ့အတိုင်းပဲ... ငါ့ညီလေးကို တစ်ယောက်တည်းလွှတ်ဖို့က စိတ်မချဘူးလေ"
YOU ARE READING
Rewrite The Past
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။