9. ခဏခဏဆုံနေရတာ ကံတရားကြောင့်လား

238 44 33
                                    

(Unicode)

"ဂျီမင်းရှီ... ဒီနေ့စက်ရုံတွေဘက်ကို သွားစစ်ပေးလို့ရမလား... အဖွဲ့မှူးက ခွင့်ယူထားလို့လေ"

"ရပါတယ်... ကျွန်တော်သွားလိုက်ပါ့မယ်"

ဌာနမှူးက တောင်းဆိုလာတာကြောင့် ဂျီမင်းလည်းလက်ခံလိုက်တယ်...။ ခဲယဉ်းတဲ့ကိစ္စမှမဟုတ်ဘဲ...။ ဂျီမင်းလုပ်စရာရှိတဲ့ အလုပ်တွေကလည်း ပြီးသလောက်ဖြစ်နေပြီလေ...။

"ဒါဆို ဒီဖိုင်တွဲတွေယူသွားပေး... အော်ဒါရဲ့နောက်ဆုံးရက်က နောက်တစ်ပတ်ထဲမှာ... သူတို့ဘက်က ပြီးဖို့ဘယ်လောက်ကျန်သေးလဲဆိုတာ သေချာစစ်ခဲ့ပေးပါ"

"ဟုတ်ကဲ့... စိတ်ချပါ... မပြီးနိုင်ဘူးထင်ရင်လည်း လောပေးလိုက်ပါ့မယ်"

"အင်း ကောင်းတယ်"

အလုပ်အကြောင်းနားလည်တဲ့ဂျီမင်းက ဒီလိုနေရာတွေမှာ စိတ်ချရတယ်လေ...။ ဒါကြောင့်လည်း ဌာနမှူးက ယုံယုံကြည်ကြည်လွှတ်တာပေါ့...။ ဒါကို ဘေးကနေကြားသွားတဲ့ ထယ်ဝူးကလည်း သူပါအတူတူ ဂျီမင်းနဲ့လိုက်ချင်နေတယ်...။

"ဌာနမှူး... ကျွန်တော်ရော လိုက်သွားလိုက်မယ်လေ... ဂျီမင်းတစ်ယောက်တည်းဆို စိတ်မချလို့... စက်ရုံတွေက မြို့ထဲနဲ့ဝေးတော့ လူပြတ်တယ်လေ"

"ဟေ့ကောင် လျှာရှည်မနေနဲ့... အဖွဲ့မှူးလည်း တစ်‌ယောက်တည်းသွားနေကျပဲ... ဂျီမင်းက အဆင်မပြေဘူးပြောနေလို့လား"

"ကျွန်တော်အဆင်ပြေပါတယ်... တစ်ယောက်တည်းဆိုရင် မြန်မြန်သွား မြန်မြန်ပြန်လာလို့ရတယ်လေ"

ဂျီမင်းကပါ ဝင်ပြောလိုက်တော့ ဂန်ထယ်ဝူးတစ်ယောက် မကျေမနပ်နဲ့ငြိမ်ကျသွားတော့တယ်...။ သူက စိတ်မချလို့လိုက်ချင်ပေမယ့် ဂျီမင်းကပါ မခေါ်ဘူးကို...။

"အချစ်ကလည်း... ကိုယ်ပါအတူတူလိုက်‌တော့ ပိုအဆင်ပြေတာကို"

"လိုမှမလိုတာကို... အလုပ်ထဲမှာရည်းစားထားတာကို ခွင့်ပြုပေးထားတာပဲ တော်လှပြီ... နေရာတကာ တပူးတွဲတွဲနဲ့ဆို သူများအမြင်ကတ်လိမ့်မယ်"

ဂျီမင်း ခပ်တည်တည်နဲ့ပိတ်ဟောက်လိုက်တယ်...။ ထယ်ဝူးက အရမ်းကိုဂရုစိုက်တတ်တဲ့လူတစ်ယောက် ဖြစ်ချင်နေပြီးတော့ လူအများအားကျရအောင် ရိုပြချင်သူလေ...။ ဂျီမင်းကတော့ လက်တွေ့သမားမို့ တစ်ခါတလေကျ သူတို့ကြားထဲမှာ ပြောစရာတွေရှိနေခဲ့တယ်...။

Rewrite The PastOnde histórias criam vida. Descubra agora