(Unicode)
ဟိုတယ်ခန်းတစ်ခုထဲက ကုတင်ပေါ်မှာ စောင်တစ်ထည်တည်းနဲ့လုံးထွေးနေကြတဲ့ ကောင်လေးနှစ်ယောက်...။ အချိန်အတန်ကြာမှ သူတို့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားကြပြီး ခြေပစ်လက်ပစ်လဲလျောင်းလိုက်ကြတယ်...။
"ဟူး မောလိုက်တာ... ကိုကြီးက အရမ်းကြမ်းတာပဲ"
"ဟောဗျာ... ခုနကတော့ ထပ်ခါထပ်ခါတောင်းဆိုနေပြီးတော့"
ထယ်ဝူးက ရယ်ကျဲကျဲနဲ့စနောက်လိုက်တဲ့အခါ ယူအာက မျက်စောင်းလှလှလေးထိုးလိုက်တယ်...။ ထို့နောက်မှာတော့ ထယ်ဝူးရဲ့ရင်ဘက်ပေါ် မေးလေးတင်လိုက်ရင်းနဲ့ ခပ်ချွဲချွဲလေးပြောလိုက်တယ်...။
"ကိုကြီး ယူအာ့ကိုဘယ်လောက်ချစ်လဲဟင်...??"
"ပြောမပြတတ်အောင်ချစ်တာပေါ့"
"မပြောပြတတ်ဘူးဆိုတော့ ကိုကြီးဂျီမင်းထက်ရောပိုလား...??"
ရည်းစားဟောင်းနဲ့သဝန်တိုနေတဲ့ယူအာကြောင့် ထယ်ဝူးလည်း လှစ်ခနဲပြုံးလိုက်မိတယ်...။ ထယ်ဝူးရဲ့ Ex က သူ့အစ်ကိုပဲဆိုပေမယ့် သဝန်တိုတတ်တဲ့ကောင်လေးကတော့ ဒါပဲခဏခဏမေးနေတော့တာပါပဲ...။
"ဂျီမင်းထက်ပိုချစ်ပါတယ်ဗျာ... ကျေနပ်ပြီလား...??"
"မယုံဘူး သက်သေပြ"
"ဘယ်လိုပြရဦးမှာလဲ...?? နောက်တစ်ချီလား...??"
ထယ်ဝူးက ယူအာ့ကိုထပ်တွန်းလှဲချလိုက်ပြီး အနမ်းတွေဆက်တိုက်ပေးနေတော့ ယူအာရဲ့ကိုယ်လုံးလေးက သူ့အောက်မှာလူးလွန့်နေတော့တယ်...။ နောက်တော့မှ ယူအာမောနေမှာစိုးတာကြောင့် ရပ်တန့်ပေးလိုက်တယ်...။ ယူအာက သာမန်ကောင်လေးမဟုတ်တာကို မေ့မထားသင့်ဘူးလေ...။ အမြဲတမ်းဆေးကုသမှုခံယူနေရတဲ့ ရောဂါသည်လေးပဲကို...။
"ကိုကြီး...ယူအာအတည်ပြောမလို့"
"အင်း...ပြောလေ"
ထယ်ဝူးလည်း ဘေးတစောင်းအနေအထားနဲ့ လက်ထောက်ရင်း ယူအာရဲ့မျက်နှာလှလှလေးကို ငေးကြည့်ရင်းမေးလိုက်တယ်...။ အချိန်တိုတိုလေးအတွင်းမှာ ဒီကောင်လေးကို ထယ်ဝူးချစ်မိသွားခဲ့တာပဲ...။

YOU ARE READING
Rewrite The Past (Completed)
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။