15. ချစ်သူနဲ့အတူ ပျော်ရွှင်ဖွယ်နေ့ရက်များ

361 41 69
                                    

(Unicode)

မထင်မှတ်ထားတဲ့လက်ထပ်ပွဲကြောင့် စီးပွားရေးလောကမှာ ပြောစရာတချို့ဖြစ်သွားကြတယ်...။ Top 10 စာရင်းဝင်သူဌေးကြီးရဲ့ သမီးဖြစ်သူလီဆောင်းချယ်နဲ့ စေ့စပ်ထားခဲ့တဲ့ D-Fire ရဲ့ဒုမန်နေဂျင်းမင်ယွန်းဂီဟာ သာမန်လူမသိသူမသိကောင်လေးတစ်ယောက်နဲ့ လက်ထပ်ဖို့စီစဉ်လိုက်သောကြောင့်ပင်...။

လက်ထပ်ပွဲကလည်း ခမ်းခမ်းနားနားကျင်းပမှာဖြစ်တာကြောင့် လူတော်တော်များများရဲ့ အာရုံစိုက်မှုကိုရရှိလာတယ်...။ ဘယ်လောက်တောင်လဲဆိုရင် သတင်းမီဒီယာတွေမှာ ဖော်ပြခံရတဲ့အထိပါပဲ...။ D-Fire ရဲ့ဆက်ခံသူနဲ့လက်ထပ်မယ့်ကောင်လေးဟာ ဘယ်သူများလဲဆိုပြီးတော့ကို အကျယ်တဝင့်ရေးသားခံရလေတယ်...။

ဂျီမင်းကတော့ ဒီအဖြစ်အပျက်တွေကို မထူးဆန်းတော့သလိုခံစားနေရတယ်...။ အရင်ဘဝတုန်းကဆိုရင် ခုလိုလူစိတ်ဝင်စားခံရတာက ရှင်းယူအာလေ...။ ချစ်စရာကောင်းတဲ့ကျောင်းသားလေးက D-Fire ဆက်ခံသူရဲ့အသည်းနှလုံးကို သိမ်းယူသွားတယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပေါ့...။

ဂျီမင်းကတော့ ယူအာ့လိုမျိုး ချစ်စရာအပြုအမူလေးတွေ မလုပ်တတ်ပါ...။ ဘယ်လိုနေနေချစ်ဖို့ကောင်းတာက ယူအာ့ရဲ့ပါရမီဖြစ်လောက်တယ်...။ ဂျီမင်းက သူနဲ့ယှဉ်လိုက်ရင် ဘာမှထူးခြားမှုမရှိတဲ့ သာမန်ရုံးဝန်ထမ်းကောင်လေးပါပဲ...။

"ဘာတွေစဉ်းစားနေတာလဲ ငယ်လေး...?? ကိုယ်ရောက်လာပြီလေ"

"အာ... ဆောရီးကိုကို... ကျွန်တော်အတွေးလွန်သွားတယ်"

"လက်ထပ်ပွဲနီးနေပြီဆိုတော့ စိတ်လှုပ်ရှားနေတယ်ပေါ့လေ"

ယွန်းဂီက ဂျီမင်းရဲ့ပခုံးလေးတစ်ဖက်ကို ကြင်နာစွာပွေ့ဖက်လိုက်ရင်းနဲ့ မေးလိုက်လေတယ်...။ သူလိုနာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ရတဲ့အတွက် ဂျီမင်းဆီမှာ ဖိအားတွေအများကြီးရှိနိုင်တာကို ယွန်းဂီနားလည်ပါတယ်...။ ဒီကြားထဲကိုယ့်မိဘတွေက သိပ်ကြည်ဖြူကြတာမဟုတ်ဘူးလေ...။

"ကိုကို... ကျွန်တော်တို့နှစ်ယောက်က တကယ်ရောလိုက်ဖက်ရဲ့လားဟင်...?? ကျွန်တော့်လိုသာမန်လူတစ်ယောက်က ကိုကို့သတို့သားဖြစ်ဖို့ ထိုက်တန်ပါ့မလား...??"

Rewrite The PastDonde viven las historias. Descúbrelo ahora