18. ယူအာရဲ့ ဒုတိယပစ်မှတ်

408 46 66
                                    

(Unicode)

မနက်တိုင်းအစောကြီးထပြီး မနက်စာပြင်ရတာက ဂျီမင်းရဲ့ပုံမှန်အလုပ်လိုဖြစ်နေပါပြီ...။ အစပိုင်းမှာတော့ အိပ်ရေးမဝသလိုခံစားရပေမယ့် နောက်တော့လည်း ကျင့်သားရလာတာပါပဲ...။

ပိတ်ရက်ဆိုရင်တော့ ဂျီမင်းအစောကြီးထစရာမလိုပါ...။ ယွန်းဂျယ်ကလည်း ကျောင်းပိတ်ရက်ဆို တော်တော်နဲ့မထတတ်ဘူးလေ...။ အဲ့လိုအချိန်တွေကျမှပဲ ဂျီမင်းလည်း ကိုယ့်ယောင်္ကျားအနားကို အေးဆေးကပ်ခွင့်ရတော့တယ်...။

ခုလည်းဂျီမင်းနိုးနေပေမယ့် မထ‌သေးဘဲ ယွန်းဂီရင်ခွင်ထဲတိုးဝင်ကာ ဇိမ်ယူနေလိုက်တယ်...။ ယွန်းဂီကလည်း သူ့ရဲ့ဆံပင်လေးတွေကို အသာထိုးဖွပေးရင်းနဲ့ ချော့မြူနေတယ်လေ...။

"ငယ်လေး အိမ်အလုပ်တွေလုပ်ရတာပင်ပန်းနေရင် ကိုယ်တို့အိမ်အကူတစ်ယောက် ခေါ်လိုက်ရအောင်... ကိုယ်တို့နှစ်ယောက်တည်းက ကိစ္စမရှိပေမယ့် ယွန်းဂျယ်က တော်‌တော်လေးအလုပ်ရှုပ်တယ်လေ"

"အော် ကိုကိုရယ်... မနက်စာလေးပြင်ပေးရတာက အပန်းမှမကြီးတာ... ပြီးတော့ သူတစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူးလေ... ကျွန်တော်တို့လည်းစားတာပဲကို"

"ဒါပေမယ့် ငယ်လေးအစောကြီးထရတယ်လေ"

"မနက်စောစောထရတာ ပိုတောင်ကောင်းသေးတယ်... ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် စောစောထတဲ့အကျင့်က လုပ်ကိုလုပ်သင့်တာ"

အကောင်းမြင်စိတ်လေးအမြဲထားတဲ့ဂျီမင်းကို ယွန်းဂီက ပိုပြီးဂရုဏာသက်ရတယ်...။ ဖြစ်နိုင်ရင် ကိုယ့်မိသားစုကလည်း ဂျီမင်းအပေါ်မှာ အမြင်ကြည်ပေးရင် သိပ်ကောင်းမှာပဲ...။

"ကဲပါ အများကြီးတွေးမနေပါနဲ့ကိုကိုရယ်... ကိုကိုဒီနေ့ အလုပ်က်ို အစောကြီးသွားစရာမလိုဘူးမဟုတ်လား....??"

ဂျီမင်းက လှဲအိပ်နေရာကနေ ယွန်းဂီရဲ့ရင်ဘက်ပေါ် မေးလေးထောက်ကာ မေးလာလေတယ်...။ ယွန်းဂီက CEO တစ်ယောက်မို့ ပိတ်ရက်ဆိုတာမရှိပေ...။ များပြားလှတဲ့လုပ်ငန်းတွေကို စီမံခန့်ခွဲနေရတာမို့ မဖြစ်မနေမှသာ အလုပ်နားရတယ်...။

"အင်းလေ... နေ့လည်လောက်မှသွားရမယ်... ဘာလို့လဲငယ်လေး... တစ်ခုခုလုပ်ချင်တာရှိလို့လား...??"

Rewrite The Past (Completed)Donde viven las historias. Descúbrelo ahora