28. ဟန်ဆောင်မျက်နှာဖုံးရဲ့နောက်ကွယ်

316 40 51
                                    

(‌Unicode)

ကိုယ်ဝန်၅လကျော်လောက်ရောက်တော့ ဂျီမင်းလည်း ထူထူထောင်ထောင်ဖြစ်လာပြီမို့ အိပ်ယာပေါ်မှာလှဲနေစရာမလိုတော့ပေ...။ ကံကောင်းလွန်းတဲ့ဂျီမင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာခံစားရတဲ့ ခံတွင်းပျက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကိုလည်း မခံစားရဘဲ သူ့အစား ယွန်းဂီကသာ ခံစားပေးလေတယ်...။

ဒါတွေက ခင်ပွန်းသည်ကိုအရမ်းချစ်တဲ့သူတွေရဲ့ ဖြစ်လေ့ဖြစ်ထပြဿနာမို့ ယွန်းဂီကတော့ ဂုဏ်ယူနေတော့တာပေါ့...။ ကိုယ်ဝန်ထိခိုက်မှာစိုးလို့ အိပ်ယာပေါ်မှာပဲလှဲနေရတဲ့ဂျီမင်းကို ဒီဝေဒနာတွေခံစားစေလို့ ဘယ်ဖြစ်ပါ့မလဲ...။

ခုတော့ ယွန်းဂီရောဂျီမင်းရော သက်သာသွားကြပြီမို့ သူတို့ရဲ့နေ့စဉ်တာဝန်တွေကို ပုံမှန်အတိုင်းဆောင်ရွက်နေကြလေပြီ...။ ပိုတိုးလာတာတစ်ခုက ဂျီမင်းကို အရင်လိုအိမ်အလုပ်တွေ မလုပ်ခိုင်းတော့ဘဲ အိမ်အကူတွေကို ဒေါ်လေးကပဲကြီးကြပ်နေတော့တာပင်...။ ဒါကြောင့် ဂျီမင်းရဲ့တာဝန်က သူ့ခင်ပွန်းဖြစ်တဲ့ယွန်းဂီအတွက် အဝတ်အစားပြင်ဆင်ပေးရတာတစ်ခုပဲ ရှိတော့တယ်...။

အခုလည်း ဂျီမင်းတစ်ယောက် ရေချိုးနေတဲ့ယွန်းဂီအတွက် အဝတ်အစားအဆင်သင့်ထုတ်ပေးထားလိုက်တယ်...။ ဂျီမင်းရဲ့ဗိုက်လေးက အလုံးအထည်ပေါ်နေပြီမို့ ရှပ်အင်္ကျီပွပွတွေကိုသာ ဝတ်ဆင်ထားရတယ်...။ မိန်းကလေးတွေဝတ်တဲ့ ဗိုက်ဖုံးအင်္ကျီမျိုးကို ဂျီမင်းက မဝတ်ဆင်ချင်တာကြောင့် ယွန်းဂီက ဒီဇိုင်နာတွေဆီမှာ ဂျီမင်းအတွက်သီးသန့် ရှပ်အင်္ကျီပွပွလေးတွေကို ချုပ်ပေးထား‌စေတယ်....။

"ချလောက်...!!"

ရေချိုးခန်းတံခါးပွင့်သံနဲ့အတူ အပေါ်ပိုင်းဗလာကျင်းနဲ့ယွန်းဂီဟာ ရေချိုးခန်း‌ထဲကနေ ထွက်လာခဲ့တယ်...။ ရေစက်လက်ကျနေတဲ့ ဆံပင်တွေကိုတော့ တဘက်တစ်ထည်နဲ့သုတ်နေရင်းပေါ့...။ ယွန်းဂီရဲ့ကြည့်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ဂျီမင်းက နှုတ်ခမ်းလေးဆူလိုက်မိတယ်...။

"ဟောဗျာ... ကိုယ့်ရဲ့ငယ်လေးက ဘာတွေအလိုမကျဖြစ်သွားတာပါလိမ့်"

Rewrite The Past (Completed)Where stories live. Discover now