29. နောင်တမရသူရဲ့ မိုက်မဲမှု

254 44 47
                                    

(Unicode)

တရားမျှတမှုကိုလိုလားတဲ့ ယွန်းဂီအတွက်တော့ ယူအာ့ရဲ့လုပ်ရပ်တွေက ရွံရှာဖွယ်ကောင်းလွန်းတယ်လို့ ထင်မိတယ်...။ ကိုယ့်ကိုဂရုစိုက်ပေး ချစ်ပေးတဲ့အစ်ကိုကိုမှ လိမ်ညာရက်တာလေ...။

"တကယ်တော့ ဆေးခပ်တဲ့တရားခံကိုလည်း ကိုယ်သိထားတယ်... ဆက်လိုက်ရင်ရပေမယ့် ဆေးခပ်ခံရတဲ့အကျိုးကြောင့် ငယ်လေးနဲ့လက်ထပ်ဖြစ်တာဆိုတော့ ကိုယ်အဲ့ကိစ္စကို ဆက်မဖော်တော့တာ... ဒါပေမယ့် နောက်ကွယ်က စေခိုင်းတဲ့သူက ယူအာဖြစ်နေလိမ့်မယ်လို့ မထင်ထားတာတော့အမှန်ပဲ"

ဂျီမင်းလည်းသက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်တယ်...။ အင်း‌ပေါ့...ယွန်းဂီလိုလူကို ဆေးခတ်ရဲတဲ့သူကို လိုက်စုံစမ်းရင်ရနိုင်တာပဲ...။ ယွန်းဂီက ထိုကိစ္စကိုမေ့မေ့ပျောက်ပျောက်ထားတာက အကြောင်းရင်းရှိမယ်ဆိုတာသိပြီးသားပါ...။ ခုတော့ အကြောင်းရင်းက ဂျီမင်းကြောင့်ဖြစ်နေတာပဲ...။

"ငယ်လေးလည်း တကယ်အံ့ဩမိတယ်... ယူအာ့ကို ရောဂါသည်လေးဆိုပြီး ငယ်ငယ်ကတည်းက ဒေါ်လေးရော ငယ်‌လေးရော အရမ်းဂရုစိုက်ပေးခဲ့တာလေ... သူ့ဆီမှာ ဘာရောဂါမှမရှိတာကိုသိတော့ ဝမ်းသာမိပေမယ့် တစ်ဖက်မှာလည်း ငါ့ကိုလိမ်ရက်တယ်ဆိုပြီး စိတ်မကောင်းဖြစ်မိတယ်"

"ဒီကိစ္စကို ငယ်လေးဘယ်လိုစီစဉ်ချင်လဲ...?? ကိုယ့်ကိုဆုံးဖြတ်ခိုင်းရင်တော့ ကိုယ်က သက်သေခံပစ္စည်းတွေကို ရှေ့နေလက်ထဲအပ်လိုက်မှာပဲ"

ယွန်းဂီရဲ့ပြတ်သားလှတဲ့စိတ်ဓာတ်ကို ဂျီမင်းလည်းသိပါတယ်...။ လုပ်ငန်းအကြီးကြီးတွေ လုပ်ကိုင်နေရတဲ့ယွန်းဂီက တစ်ခါတလေကျရင် ဆုံးဖြတ်ချက်ပြတ်သားလွန်းလို့ ရက်စက်တယ်လို့တောင် ထင်ရတာပါ...။ သူက ဂျီမင်းတစ်ယောက်တည်းအပေါ်မှာပဲ နူးညံ့မှုတွေချပြတာလေ...။

"ဘယ်လိုပဲဖြစ်ဖြစ် ယူအာက ငယ်လေးရဲ့ညီဖြစ်နေတယ်... သူ့ကိုစိတ်ဆိုးရင်‌တောင် ဒေါ်လေးရဲ့မျက်နှာရှိသေးတယ်လေ... မိဘ‌တွေမရှိတော့ကတည်းက ဒေါ်လေးကပဲ ငယ်လေးကိုစောင့်ရှောက်ပေးခဲ့တာပါ"

စိတ်ထားဖြူစင်လှတဲ့ကောင်လေးကတော့ တစ်ဖက်သားကို ငဲ့ညှာတွေးပေးနေပြန်တယ်...။ ယွန်းဂီကတော့ ဂျီမင်းရဲ့ဆန္ဒအတိုင်းပါပဲ...။ ဂျီမင်းမလိုလားတဲ့ကိစ္စကို အတင်းအကြပ်လုပ်ဆောင်မှာမဟုတ်ပါ...။

Rewrite The Past (Completed)Dove le storie prendono vita. Scoprilo ora