(Unicode)
တိတ်ဆိတ်တဲ့တိုက်ခန်းလေးထဲမှ ဆိုဖာခုံပေါ်မှာ ပူးကပ်ရင်းနမ်းနေကြတဲ့လူနှစ်ယောက်...။ သူတို့ရဲ့ရမ္မက်ကြောင့် အခန်းတွင်းမှာ စိုစိစိအသံတချို့က ပျံ့လွင့်နေလေတယ်...။
အတန်ကြာနမ်းပြီးတော့ အပေါ်မှာဖိနမ်းနေတဲ့သူက သူ့အောက်ကကောင်လေးရဲ့ တဝက်လောက်ပြုတ်နေပြီဖြစ်တဲ့ အင်္ကျီကြယ်သီးတချို့ကို လက်လှမ်းလိုက်တဲ့အခါ ကောင်လေးက တားဆီးလိုက်လေတယ်...။
"ဟင့်အင်း... ဒီနေ့စိတ်မပါဘူး"
"ဘာလို့လဲကွာ... ကိုယ်တို့က တစ်ခါတလေမှတွေ့ရတာလေ... ကလေးကိုအရမ်းလွမ်းနေပြီ... တစ်ခေါက်လောက်ပဲကွာ"
"နောက်မှပဲ... ဒီနေ့အိမ်စောစောပြန်ရမှာ"
ကောင်လေးရဲ့ငြင်းဆိုမှုကြောင့် ထိုသူက သက်ပြင်းကိုအသာချလိုက်တယ်...။ ပြီးတော့မှ ဆိုဖာပေါ်မှထကာ ဖရိုဖရဲဖြစ်နေတဲ့အဝတ်အစားတွေကို ပြုပြင်လိုက်လေတယ်...။ ဘေးမှာလွှားထားတဲ့ ဂျူတီကုတ်အဖြူရောင်ကို ပြန်ဝတ်လိုက်တဲ့အခါ ကုတ်ပေါ်မှာပါတဲ့နာမည်ကဒ်မှာ ဒေါက်တာလီဂျင်ဆိုး ဆိုတဲ့နာမည်က ထင်းခနဲပေါ်လာလေတယ်...။
ဒေါက်တာလီဂျင်ဆိုး...။ ဂျီမင်းရဲ့မိဘတွေရှိကတည်းက ပက်ခ်အိမ်တော်ရဲ့ မိသားစုဆရာဝန်ဖြစ်ပြီး လက်ရှိမှာတော့ ယူအာ့ကိုကုသပေးနေတဲ့ ဆရာဝန်ပဲပေါ့...။ ရိုးအေးတဲ့လူပျိုကြီးလို့ အများကသတ်မှတ်ထားပေမယ့် နောက်ကွယ်မှာတော့ တိတ်တိတ်ပုန်းချစ်သူတစ်ယောက် ရှိနေခဲ့တယ်လေ...။
"စိတ်ဆိုးသွားတာလားဟင် ဦး...??"
လေသံပျော့ပျော့လေးနဲ့ပြောရင်း နောက်ကနေသိုင်းဖက်လာတဲ့ လက်ဖြူဖြူလေးတစ်စုံကို လီဂျင်ဆိုးက ပြန်လည်အုပ်ကိုင်လိုက်လေတယ်...။ ဒီကလေးကို သူစိတ်ဆိုးရက်မှာတဲ့လား...။
"မဆိုးပါဘူး ကလေးရယ်... အခြေအနေနဲ့အချိန်အခါကို နားလည်ရမှာပေါ့... ကိုယ်က ကလေးကိုအတင်းအကြပ် အနိုင်မကျင့်ချင်ပါဘူး"
"အဲ့ဒါကြောင့် ဦးကိုချစ်ရတာပေါ့"
ခြေဖျားလေးထောက်ကာ နမ်းလာတဲ့ကောင်လေးရဲ့ ခါးသိမ်သိမ်လေးကို လီဂျင်ဆိုးက ပွေ့ဖက်ထားလိုက်ပြီး ပြန်နမ်းလိုက်တယ်...။ အသက်အရွယ်ကွာခြားလွန်းတဲ့ချစ်သူကို ရရှိထားတာကြောင့် သူ့ဘက်က အများကြီးလျော့ပေးရပါတယ်...။
YOU ARE READING
Rewrite The Past
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။