(Unicode)
"ကိုကိုမြန်မြန်လုပ်ဦး... နောက်ကျနေတော့မယ်"
"ပြီးပါပြီငယ်လေးရဲ့... ယောက်ဖကိုတော်တော်တွေ့ချင်နေတာပဲ"
"အပြန်မိုးချုပ်မှာစိုးလို့ပါ ကိုကိုရဲ့"
အလုပ်ပိတ်ရက်မှာ ယွန်းဂျယ်ဆီကိုသွားတွေ့ပြီး အရန်ဟင်းတွေပေးဖို့အစီအစဉ်ကို ဂျီမင်းစဉ်းစားပြီးတာနဲ့ တနေကုန်ချက်ပြုတ်နေတော့တာပင်...။ ယွန်းဂီအလုပ်ကပြန်လာတော့ သူ့ကိုလိုက်ပို့ပေးခိုင်းဖို့ လောနေတာကြောင့် ယွန်းဂီမှာကပျာကယာရေချိုးရသေးတယ်...။
"ပြီးပြီငယ်လေးရေ... သွားမယ်"
"ရော့ ဒါလေးတွေသယ်ပေးဦး"
ဂျီမင်းသယ်ခိုင်းတဲ့အထုတ်တွေက များလွန်းတာကြောင့် ယွန်းဂီမျက်လုံးပြူးသွားတယ်...။ တစ်ရက်တည်းနဲ့ ဒီလောက်အများကြီးကို ဂျီမင်းတစ်ယောက်တည်း ချက်ပြုတ်လိုက်တာပေါ့လေ...။
"များလိုက်တာငယ်လေးရယ်... သူတစ်ယောက်တည်းကုန်မှာလည်းမဟုတ်ဘူး... ငယ်လေးလည်းပင်ပန်းတယ်"
"မပင်ပန်းပါဘူးကိုကိုရဲ့... ပြီးတော့ဒါတွေက ရက်ကြာကြာထားလို့ရတဲ့ဟင်းတွေပါ... ရေခဲသေတ္တာထဲထည့်ထားရုံပဲ... သူတစ်ယောက်တည်းနေတော့ ဖြစ်သလိုစားနေရင်ဘယ်လိုလုပ်မလဲ... အာဟာရပြည့်ဝအောင် စားမှဖြစ်မှာပေါ့"
ခုခေတ်မှာအစားအသောက်ကို delivery နဲ့မှာစားလို့ရတယ်ဆိုပေမယ့် ဂျီမင်းကတော့ယွန်းဂျယ်ကို အိမ်ထမင်းဟင်းစားစေချင်တဲ့ စေတနာကြောင့် ခုလိုပင်ပင်ပန်းပန်းချက်ပြုတ်နေခြင်းပင်...။
"ဟုတ်ပါပြီဗျာ... ကိုယ့်ရဲ့ငယ်လေးက အရမ်းစိတ်ကောင်းရှိတာပဲ... ကိုယ့်မိသားစုအတွက်ပါ ထည့်စဉ်းစားပေးတယ်"
"ဒါပေါ့... ကိုကို့ညီကလည်း ငယ်လေးရဲ့ညီပဲလေ"
စိတ်ကောင်းရှိလွန်းတဲ့ဂျီမင်းကြောင့် ယွန်းဂီသူ့ကိုတနေ့တခြား ပိုပိုချစ်လာရတယ်...။ သူကကိုယ့်မိသားစုကို စောင့်ရှောက်ပေးတာကြောင့် ယွန်းဂီဘက်ကလည်း သူ့ဒေါ်လေးနဲ့ယူအာကို တတ်နိုင်သလောက်ပံ့ပိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်...။
![](https://img.wattpad.com/cover/367819140-288-k98590.jpg)
ESTÁS LEYENDO
Rewrite The Past (Completed)
FanficQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။