12. လက်ထပ်ဖို့ဆုံးဖြတ်ခြင်း

334 44 45
                                    

(Unicode)

တကိုယ်လုံးနာကျင်ကိုက်ခဲမှုနဲ့အတူ ဂျီမင်းနိုးလာခဲ့တယ်...။ နောက်ကျိကိုက်ခဲနေတဲ့ခေါင်းကြောင့် မျက်မှောင်ကျုံ့ထားကာ နားထင်ကြောတွေကိုနှိပ်နေရင်း မနေ့ညကအဖြစ်အပျက်တွေကို တရေးရေးမှတ်မိလာခဲ့တယ်...။

သူမနေ့ညက ဆေးမိသွားပြီးတော့ မင်ယွန်းဂီနဲ့အိပ်မိသွားတာလား...?? မဖြစ်နိုင်ပါဘူး...။ သူရောကိုယ်ရော အဲ့လောက်ထိစိတ်လွတ်နိုင်မှာမဟုတ်ပါဘူး...။ ချစ်သူရည်းစားတွေလည်း မဟုတ်ဘဲနဲ့လေ...။

ဒါပေမယ့်လည်း နာကျင်နေဆဲဖြစ်တဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါ အရင်ဆုံးမြင်ရတာက အဝတ်မဲ့နေတဲ့ရင်ဘက်ကျယ်ကြီးတစ်ခု...။ တုန်လှုပ်စွာနဲ့ ထိုရင်ဘက်ပိုင်ရှင်ကိုကြည့်‌မိတဲ့အခါ အိပ်ပျော်နေဆဲဖြစ်တဲ့ မင်ယွန်းဂီရဲ့မျက်နှာချောချောကို တွေ့လိုက်ရတော့တယ်...။

"အား...!!! ဒါက ဘယ်လိုဖြစ်ရတာလဲ...!!!"

ကြောက်လန့်တကြားနဲ့ထထိုင်မိတဲ့အခါ ကိုယ်အောက်ပိုင်းနေရာက စူးအောင့်သွားရတာကြောင့် ဟန်ချက်ပျက်ပြီးပြန်လဲကျတယ်...။ သူ့အော်သံကြောင့် ယွန်းဂီကပါ နိုးသွားခဲ့လေပြီ...။

"ဂျီမင်း..ဘယ်လိုဖြစ်လို့လဲ...?? အရမ်းနာနေတာလား...??"

"ကျွန်...ကျွန်တော်တို့ ဘာတွေဖြစ်ကုန်ကြတာလဲ... မနေ့က တကယ်အိပ်မိသွားကြတာလား...??"

"ဟုတ်တယ်လေ... မင်းတစ်ခုမှမမှတ်မိတာလား...??"

ယွန်းဂီပြန်မေးလိုက်တော့ ဂျီမင်းမျက်နှာလေးက ရဲခနဲဖြစ်သွားရတယ်...။ မမှတ်မိတာမဟုတ်ပါ...။ အိပ်မက်တစ်ခုလို့ ထင်နေမိရုံပါ...။ မဖြစ်နိုင်လောက်ပါဘူးလို့ တွေးနေပေမယ့်လည်း ကုတင်ပေါ်မှာသူရောကိုယ်ရော အဝတ်မဲ့စွာရှိနေကြတဲ့အခြေအနေက အိပ်မက်မဟုတ်တာကို သက်သေပြနေတယ်လေ...။

"ဘယ်လိုလုပ်ကြမလဲ... ဒါက မဖြစ်သင့်တဲ့ကိစ္စပဲလေ... ကျွန်တော်တော့ ရူးချင်တာပါပဲ"

ရှုပ်ပွနေတဲ့ဆံပင်တွေကြားထဲ လက်ချောင်းတွေထိုးထည့်ကာ ညည်းတွားနေတဲ့ဂျီမင်းကြောင့်  ယွန်းဂီက အသာပြုံးလိုက်လေတယ်...။ မှားခဲ့ကြတာမှန်ပေမယ့် ယွန်းဂီက ကိုယ့်အပြစ်ကိုယ် တာဝန်ယူရဲပါတယ်...။

Rewrite The PastDonde viven las historias. Descúbrelo ahora