13. ကိုယ်မပျော်ရရင် သူလည်းမပျော်စေရဘူး

273 42 76
                                    

(Unicode)

မင်မိသားစုရဲ့အိမ်တော်မှာ မိသားစုအစုံအလင်စုဝေးကာ ဆွေးနွေးနေကြတယ်...။ အဓိကအကြောင်းအရာကတော့ ယွန်းဂီလက်ထပ်မယ့်ကိစ္စပေါ့...။

"မေမေကတော့ သဘောမတူနိုင်ဘူး ယွန်းဂီ"

"မေမေရယ် ခုလောက်ထိဖြစ်ပြီးနေမှတော့ လက်မထပ်လို့မရတော့ဘူးလေ... ပြီးတော့ အဲ့နေ့က ဟိုတယ်အသစ်မှာဖြစ်တာဆိုတော့ ဝန်ထမ်းတွေလည်း သိနေကြတာ"

"ယောင်္ကျားလေးချင်းပဲလေ သားရယ်... ပြီးတော့ သားပြောတော့ ဆေးမိတာဆို... ဘယ်သူက ဆေးခတ်တာလဲဆိုတာကို ဖော်ထုတ်ပြီးတော့ အရင်လိုဆောင်းချယ်နဲ့ပဲ လက်ထပ်လိုက်ပေါ့... သူ့မှာလည်း လက်ထပ်ရမယ့်သူရှိနေတာကို"

"မေမေ... ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရှက်သိက္ခာဆိုတာရှိသေးတယ်လေ... သားက ကိုယ့်အမှားအတွက် ကိုယ့်ဘာသာတာဝန်ယူချင်ပါတယ်"

မေမေကတော့ ခါးခါးသီးသီးဖြစ်နေပေမယ့် ဖေဖေကတော့ ဘာမှကိုဝင်မပြောပေ...။ သူပျိုး‌ထောင်ပေးခဲ့တဲ့သားက တာဝန်သိတတ်ပြီး ကိုယ်ချင်းစာစိတ်ရှိတာကို သိနေတာကြောင့်ပင်...။ မကျေမနပ်ဖြစ်နေတဲ့ဇနီးနဲ့ အကျေအလည်ရှင်းပြနေတဲ့သားရဲ့ကြားမှာ ဝင်မပါချင်တာကြောင့် ဘေးကနေ ကြည့်နေခြင်းပင်...။

"ယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်တော့ မေမေတို့မျိုးဆက်ပြတ်တော့မှာပေါ့ သားရယ်... မေမေက မြေးချီချင်သေးတယ်လေ"

"ယွန်းဂျယ်ရှိတာပဲမေမေရယ်... ယွန်းဂျယ်က အခုတော့ငယ်သေးတယ်ဆိုပေမယ့် နောက်ဆယ်နှစ်လောက်ဆိုရင်တော့ မေမေတို့လိုချင်တဲ့မြေးကို မွေးပေးနိုင်မှာပါ"

သူ့ကိုဆွဲထည့်လာတဲ့အစ်ကိုဖြစ်သူကြောင့် ယွန်းဂျယ်မှာ မျက်လုံးပြူးသွားရတယ်...။ ဒါပေမယ့်လည်း အတိုက်အခံတော့ ‌ပြန်ပြောမနေပါ...။ တစ်လျှောက်လုံး သူကချည်းပဲ ယွန်းဂီနောက်ကနေ ကာဗာယူခဲ့တာလေ...။ ဘာနေနေ အစ်ကို့တာဝန်လို့သတ်မှတ်ခဲ့တော့ ခုတစ်ခေါက်တော့ သူ့ကိုတာဝန်ခွဲပေးလာတဲ့အခါ ငြင်းမနေချင်တော့ပါ...။

"ကဲပါ မိန်းမရယ်... မင်းရဲ့သားကြီးက ဆုံးဖြတ်ပြီးသွားရင် မပြင်တတ်တာကို သိရဲ့သားနဲ့... တစ်ဖက်ကောင်လေးကလည်း ယူအာရဲ့အစ်ကိုဆိုတော့ လူရင်းတွေပါပဲ"

Rewrite The PastDonde viven las historias. Descúbrelo ahora