(Unicode)
"ဒီကဒ်ထဲမှာ ငါပေးရမယ့်တိုက်ခန်းရဲ့တန်ဖိုးတစ်ဝက် ထည့်ထားပေးတယ်... ကာလပေါက်ဈေးနဲ့တွက်ထားတာမို့ လက်ရှ်ိဝယ်တုန်းကထက် ဈေးများပါတယ်"
ဂျီမင်းကမ်းပေးလာတဲ့ကဒ်လေးကို ထယ်ဝူးယူလိုက်တယ်...။ ဒီလောက်များတဲ့ပမာဏကို ချက်ချင်းအမ်းပေးနိုင်တယ်ဆိုကတည်းက မင်ယွန်းဂီပေးလိုက်တာဆိုတာ သေချာပါတယ်...။
"အိုကေပါ... ဒါဆိုကိုယ်တို့စာချုပ်အသစ် ချုပ်လိုက်ကြတာပေါ့... ဂျီမင်းအားတဲ့နေ့ ရှေ့နေရုံးကိုသွားကြမယ်လေ"
"အင်း... ရက်ချိန်းယူတာကို ထယ်ဝူးပဲစီစဉ်လိုက်ပါ"
ဂျီမင်းကတော့ များပြားလှတဲ့ငွေပမာဏအတွက်လည်း စိုးရိမ်ပူပန်နေတာမျိုးမရှိပေ...။ စာချုပ်မချုပ်ရသေးဘဲ ကဒ်ကိုထယ်ဝူးလက်ထဲ ထည့်ပေးလိုက်ကတည်းက သူ့ရဲ့ယုံကြည်စိတ်ချမှုကို သိရှိနိုင်ပါတယ်...။ ထယ်ဝူးကလည်း မတရားသဖြင့်တော့မလုပ်ပါ...။ တိုက်ခန်းပိုင်ဆိုင်မှုစာချုပ် အသစ်ချုပ်ဆိုဖို့ကို တစ်ပတ်အတွင်းလုပ်ဖို့ ဆုံးဖြတ်လိုက်လေတယ်...။
"အဲ့ဒီတော့ တိုက်ခန်းက ဒီတိုင်းဆက်ပိတ်ထားမှာလား...??"
"မဟုတ်ဘူး... ငါ့ယောက်ဖက သူ့ကိုပေးနေပါလို့ပြောတယ်လေ... လောလောဆယ်သူက ငါတို့နဲ့အတူတူနေနေတာ... လူငယ်ဆိုတော့လည်း တစ်ယောက်တည်းလွတ်လွတ်လပ်လပ် နေချင်ရှာမှာပေါ့"
"ကောင်းပါတယ်... မဟုတ်လည်း တိုက်ခန်းက ဒီတိုင်းပိတ်ထားမယ်ဆိုရင် နှမျောစရာကောင်းလို့ လူငှားတင်ဖို့အကြံပေးမလို့"
ထယ်ဝူးရဲ့စကားကြောင့် ဂျီမင်းလည်း ပြုံးရင်းခေါင်းညိတ်ပြလိုက်လေတယ်...။ မနေ့က ယွန်းဂီနဲ့ဂျီမင်း ထိုတိုက်ခန်းကိစ္စစကားပြောနေရင်း ယွန်းဂျယ်ကြားသွားတာကြောင့် သူ့ကိုပေးနေဖို့ပူဆာလာခြင်းပင်...။
ယွန်းဂျယ်နဲ့နေရတာ အဆင်ပြေတယ်ဆိုပေမယ့် နှစ်ယောက်တည်းနေရတာက ပိုလွတ်လပ်တာကြောင့် ဂျီမင်းရောယွန်းဂီရော သဘောတူလိုက်ကြတယ်လေ...။ ပြောရရင်ယွန်းဂျယ်ကလည်း အိမ်ခွဲနေချင်နေတာကြာပါပြီ...။ သူ့မိဘတွေက ခွင့်မပြုလို့သာ...။ အခုတော့ အစ်ကိုဖြစ်သူရဲ့ခွင့်ပြုချက်ကြောင့် အိမ်ခွဲနေခွင့်ရသွားတာကြောင့် ပျော်နေတော့တာပင်...။
![](https://img.wattpad.com/cover/367819140-288-k98590.jpg)
ESTÁS LEYENDO
Rewrite The Past (Completed)
FanficQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။