(Unicode)
ဒီနေ့အပြီးသတ်ရမယ့်အလုပ်တွေကို သေချာလေးအာရုံစိုက်နေတုန်းမှာပင် မျက်စိရှေ့ကိုရောက်ချလာတဲ့ ပန်းစည်းကြီးကြောင့် ဂျီမင်းအံ့ဩသွားရတယ်...။ ပေးတဲ့သူကိုလှည့်ကြည့်လိုက်တဲ့အခါ နှစ်လိုဖွယ်အပြုံးတွေနဲ့ ပြုံးပြနေတဲ့ ဂန်ထယ်ဝူးကိုတွေ့လိုက်ရတယ်...။
"အချစ် ကိုယ့်ကိုစိတ်ဆိုးနေရင် ပြေပါတော့နော်... ကိုယ်ဘာအမှားလုပ်ခဲ့မိလည်းမသိတော့ အချစ်ကပဲပြောပြပေးပါ... ကိုယ်သေချာပေါက်ပြင်ပေးပါ့မယ်"
ကြည့်ကောင်းချောမောတဲ့ရုပ်ရည်နဲ့ နှစ်သက်စရာစကားလှလှလေးတွေကို ပြောတတ်သူဖြစ်တဲ့အတွက် သူ့အပြောတွေမှာ လူတိုင်းမျောမိမှာအသေအချာပင်...။ ခုလည်း ရုံးခန်းထဲမှာဖြစ်တဲ့အတွက် အားကျနေကြတဲ့သူတွေရဲ့ တီးတိုးအသံတွေထွက်ပေါ်လာတယ်လေ...။
"မိုက်လိုက်တာ... ဂျီမင်းက အရမ်းကံကောင်းတာပဲ"
"သူတို့နှစ်ယောက်က အရမ်းလိုက်ကြတယ်နော်"
"ဂျီမင်းလိုမျိုးသာအချစ်ခံရရင် ဒီတစ်သက်သေပျော်ပါပြီ"
အားလုံးက ဂန်ထယ်ဝူးဘက်မှာရှိနေတာမို့ ဂျီမင်းကသာ ငြင်းလိုက်မယ်ဆိုရင် ဂျီမင်းရဲ့အလွန်လို့ ထင်သွားကြမှာလေ...။ ဒါ့အပြင် ဂန်ထယ်ဝူးက လောလောဆယ်မှာ ဘာအမှားမှမလုပ်ထားသေးတဲ့အတွက် ဂျီမင်းအနေနဲ့ သူ့ကိုပစ်ပစ်ခါခါလုပ်လို့မရသေးပါ...။
"ကျေးဇူးပါ... ငါလည်းမနေ့က စိတ်အခြေအနေသိပ်မကောင်းတာနဲ့ မင်းကိုအော်လိုက်မိတာပါ"
"ဒါဆို အခုစိတ်ဆိုးပြေပြီပေါ့နော်"
ရယ်လိုက်တိုင်းပါးချိုင့်တွေပေါ်လာတတ်တဲ့ ဂန်ထယ်ဝူးဟာ တက္ကသိုလ်မှာလည်း မေဂျာကင်းတစ်ယောက်မို့ လူသိများထင်ရှားခဲ့ပါတယ်...။ ဒါကြောင့် သူနဲ့တွဲခဲ့တဲ့ဂျီမင်းကလည်း လူအများအားကျရတဲ့သူတစ်ယောက် ဖြစ်ခဲ့ရတယ်လေ...။
အခုရော ဘာထူးလို့လဲ...။ ကုမ္မဏီတစ်ခုတည်းမှာ အလုပ်အတူတူဝင်ခဲ့ပြီး ချစ်သူတွေဆိုတာကို မကွယ်မဝှက်ဘဲပြောထားတဲ့အပြင် သဲသဲလှုပ်ဂရုစိုက်ပေးနေတော့ ပုထုဇဉ်လူသားပီပီ ဂျီမင်းကျေနပ်ရတာပေါ့...။ နောင်ဖြစ်လာမယ့်ကိစ္စတွေအတွက် စိတ်တိုတာကတစ်ပိုင်းလေ...။
ESTÁS LEYENDO
Rewrite The Past
FanficQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။