17. ယောက်ဖနဲ့အဆင်ပြေဖို့ ကြိုးစားခြင်း

343 44 60
                                    

(Unicode)

အရင်ကလို အိပ်ယာနိုးတာနဲ့ ကိုယ့်ယောင်္ကျားနဲ့ချစ်ကြည်နူးချိန်မရတော့ဘဲ မနက်စာကိုအပြေးအလွှား ပြင်ဆင်နေရတဲ့ဂျီမင်း...။ ယွန်းဂီကတော့ သူဘာချက်ကျွေးကျွေး စားမယ်ဆိုတာသိပေမယ့် ယွန်းဂျယ်ကတော့ နည်းနည်းဇီဇာကြောင်မယ့်ပုံပင်...။

လွယ်လည်းလွယ် အချိန်လည်းမကြာတဲ့ ဥရောပစတိုင်မနက်စာကိုပဲ ဂျီမင်းစီစဉ်လိုက်တယ်...။ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥကြော်တွေကို ပြင်ဆင်ထားလိုက်ပြီး မီးကင်ထားတဲ့ပေါင်မုန့်တွေကို ထောပတ်နဲ့ယို အချိုးကျသုတ်လိုက်ပြီး ပန်းကန်ထဲထည့်ကာ ပြင်ဆင်ထားလိုက်တယ်...။

ကော်ဖီကိုတော့ သူတို့စိတ်ကြိုက်ဖျော်သောက်နိုင်ဖို့အတွက် နှပ်ရုံပဲနှပ်ထားလိုက်ပြီး သကြားပုလင်းနဲ့နို့ခွက်ကို အဆင်သင့်ချထားပေးလိုက်တယ်...။ ပိုပြီးပြည့်စုံစေဖို့အတွက် လိမ္မော်ရည်ပုလင်းကိုပါ အဆင်သင့်ချထားပေးပြီးတဲ့နောက် မနက်စာပြင်ဆင်တာက ပြီးဆုံးသွားလေပြီ...။

"ငယ်လေးက အားလုံးတောင်ပြင်ဆင်ပြီးနေပြီလား...??"

"ဟုတ်ကဲ့ကိုကို... ထိုင်လေ... ပေါ့ပေါ့ပါးပါးဖြစ်အောင် အမေရိကန်စတိုင်ပဲ လုပ်ထားလိုက်တယ်... ရတယ်မလားဟင်...??"

"ရတာပေါ့... ကိုယ့်ရဲ့ငယ်လေး ပင်ပန်းသွားရပြီ"

ယွန်းဂီက ဂျီမင်းနဲ့နှုတ်ခမ်းဖူးဖူးလေးကို လှမ်းနမ်းရင်းနဲ့ပြောလေတယ်...။ အရင်ကဆို မနက်စာကိုအပြင်မှာပဲ ဝယ်စားဖြစ်ကြပြီး အချိန်မရရင်တော့ ပါဆယ်ထုတ်သွားပြီး အလုပ်မှာစားကြရတာလေ...။ အခုကျမှ ယွန်းဂျယ်ကြောင့် အိမ်မှာမနက်စာစီစဉ်ဖြစ်တာပင်...။

"မောနင်း ကိုကို... မောနင်း အစ်ကိုဂျီမင်း"

ကျောင်းသွားဖို့အတွင် လွယ်အိတ်ပါတခါတည်းယူပြီး ဆင်းလာတဲ့ယွန်းဂျယ်...။ လူကိုတော့ ဝတ်ကြေတန်းကြေနှုတ်ဆက်နေပေမယ့် မနက်စာဝိုင်းကိုတွေ့တဲ့အခါ သဘောမကျသလို မျက်မှောင်ကျုံ့လေတယ်...။

"ထိုင်လေ ယွန်းဂျယ်... မနက်စာလာစား"

"ထမင်းမရှိဘူးလား...??"

Rewrite The Past (Completed)Where stories live. Discover now