About Story

8.1K 241 15
                                    

(Unicode)

စာဖတ်သူများ အားလုံး မင်္ဂလာပါဗျ။ဒီနေ့လေးမှာတော့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး နည်းနည်းပြောပြသွားမှာပါ။

ဇာတ်လမ်းကတော့ Drama & Romance ပါပဲ။
ဒီတစ်ပုဒ်ကတော့ Drama ထက် Romance ဘက်ကို ပိုအသားပေးပြီး ဖန်တီးသွားမှာပါ။ဒီနေရာမှာ တစ်ခါတည်းပြောချင်တာက ဇာတ်လမ်းမှာပါဝင်လာမယ့်အကြောင်းအရာတွေတိုင်းက လက်တွေ့နဲ့တစ်ထပ်တည်းကျနေမှာမဟုတ်ပါဘူးနော်။
အပြင်မှာရှိတဲ့အရာတွေလည်းပါမယ် ကျွန်တော့်ရဲ့စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးရေးသားတာတွေလည်း ပါလာမှာပါ။
ဒါလေးကိုတော့ သေချာလေး သတိပေးထားပါတယ်နော်။

ဇာတ်လမ်းရဲ့နာမည်ဖြစ်တဲ့ Expensive Millionaire ဆိုတာလေးက Uke ကို ကိုယ်စားပြုပြီး ပေးထားတာပါ။
ဇာတ်လမ်းကတော့ ရှုပ်ရှုပ်ယှက်ယှက်မျိုးတွေမဟုတ်ဘဲ စိတ်ရှည်ရှည်လိုက်ဖတ်ရင် သေချာပေါက် သဘောကျစေရမယ်လို့ အာမ ခံပါတယ်ခင်ဗျာ။အပြည့်အဝ စိတ်ကျေနပ်မှုမရသွားရင်တောင် ဖတ်လိုက်ရလို့ စိတ်ပျက်မိတာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်။စာဖတ်သူတွေကလည်း ဇာတ်လမ်းရဲ့အဆုံးထိကို စိတ်ရှည်ရှည်နဲ့လိုက်ခဲ့ပေးဖို့လိုပါမယ်။

နောက်ထပ်ပြောချင်တာကတော့ Character တွေအကြောင်းပါ။ဒီတစ်ပုဒ်မှာတော့ ထူးခြားချက်တစ်ခုအနေနဲ့ဆိုရင် Uke ကို ကမ္ဘာကျော်တဲ့အထိအောင်မြင်တဲ့ Fashion
Model တစ်ယောက်အဖြစ် ဖန်တီးသွားမှာပါ။ Modeling Industry ကို Reference ယူရေးမှာပါဗျ။စာဖတ်သူတွေလည်း International fashion show တွေကို ကြည့်ဖူးကြမယ်ထင်ပါတယ်နော်။Seme ရဲ့ character ကိုတော့ ဖတ်ရင်းနဲ့မှသိစေချင်လို့ မပြောပြတော့ပါဘူးဗျ။
ဒီတစ်ပုဒ်မှာတော့ အသက်ကြီးတာတွေ ငယ်တာတွေ မဟုတ်ဘဲ
ရွယ်တူပုံစံမျိုးအနေနဲ့ တွေ့ကြရမှာပါ။

နောက်ထပ်အကြောင်းအရာကတော့ Update နဲ့ပတ်သက်တာပေါ့နော်။ Update ကိုတော့ (၄)ရက်ခြား တစ်ကြိမ် ပုံမှန်
Update ပေးသွားမှာပါ။အချိန်ကတော့ ည (၈:၃၀)နာရီ မှ (၉:၀၀)နာရီ ကြားပါနော်။

ဒီရက်အပိုင်းအခြားက အလုပ်တစ်ဖက်နဲ့ကျွန်တော့်အတွက်ရော စာဖတ်သူတွေအတွက်ပါ အဆင်ပြေအောင် အတတ်နိုင်ဆုံး ဆုံးဖြတ်ထားတဲ့အရာပါ။အကယ်၍ ဒီရက်အပိုင်းအခြားက စာဖတ်သူအတွက် စောင့်ရတာကြာလို့ အခက်အခဲဖြစ်တယ်ဆိုရင်တော့ Completed ဖြစ်မှပဲ လာဖတ်စေချင်ပါတယ်။ Ongoing လိုက်ခဲ့မယ်ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့နော်။

Expensive Millionaire [Ongoing]Where stories live. Discover now