Part-19 (Unicode)

1.3K 116 6
                                    

ရဲသွေး သည် Vogue UK magazine အတွက်
Cover ရိုက်ကူးရန် သွားနေတာဖြစ်သည်။ရဲသွေးနှင့်အတူ
agency မှ ဝန်ထမ်းများလည်းပါ၏။fashion show ပေါင်းများစွာကိုလျှောက်အပြီး နာမည်ရလာသည့်အခါတွင်မှ
ယခုလို ကမ္ဘာကျော် magazine အတွက် Cover ရိုက်ကူးခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ထိုအတွက်ကြောင့် အထူးပျော်ရွှင်ရ၏။
နောက်ဆုံးတော့ ဖြစ်ချင်ခဲ့သည့်အိပ်မက်များ ဖြစ်လာခဲ့လေပြီ။

Company ကိုရောက်လာသည်နှင့် ယနေ့အတွက် လိုချင်သည့်ပုံစံများကို ပြောပြသည်။ထို့နောက် ရဲသွေးကိုစတင်ပြင်ဆင်တော့၏။ cover photo များသည် အများအားဖြင့်
headshot ကိုသာ အသားပေးကြတာများသည်။ယခုတွင်လည်း company ဘက်မှ ထိုသို့သာလိုချင်ကြောင်း အသေးစိတ်ပြောပြသည်။

သေသပ်သည့်ပြင်ဆင်မှု၊ ရဲသွေး၏အားထုတ်မှုနှင့် ကျွန်းကျင်သည့် photographer ၏ရိုက်ချက်တို့ကြောင့် အားလုံးစိတ်တိုင်းကျသည်အထိ အမိုက်စားပုံများရခဲ့သည်။အလုပ်ပြီးသွားသည်နှင့် ဝန်ထမ်းများနှင့်အတူ ရဲသွေးလည်း ပြန်လာခဲ့လိုက်တော့သည်။

ကွန်ဒိုကိုပြန်ရောက်လာလျှင် အိပ်ခန်းထဲသို့သာ တန်းသွားလိုက်သည်။ထို့နောက် ဖုန်းကိုဖွင့်လိုက်၏။ထက်လင်းတို့နှင့် Video call ပြောရန်ချိန်းထားတာဖြစ်သည်။အချိန်ကွာဟမှုကြောင့် မနည်းညှိထားရ၏။ရဲသွေး ကြည့်လိုက်လျှင် ထက်လင်းတို့လည်း
online ဖြစ်နေမှန်းတွေ့ရ၏။ထို့ကြောင့် ချက်ချင်း video call ခေါ်လိုက်လျှင် ကိုင်သည်။

"Hello! မင်း မအားဘူးမှတ်နေတာ ငါက။"

ထက်လင်းကပြော၏။ရဲသွေး ခေါင်းညိတ်ပြလိုက်ပြီး

"အင်း ငါလည်းအခုပဲ ကွန်ဒိုကိုပြန်ရောက်တာပါ။ရောက်ရောက်ချင်း မင်းတို့ကိုခေါ်လိုက်တာပဲ။‌နေမင်းပိုင်က ဘာလို့ဝင်မ join တာလဲ။"

"သူ မီးစိမ်းနေလို့လား။"

"အင်းလေ online ဖြစ်နေတာပဲကို။"

"မအားသေးလို့ဖြစ်မှာပါ။ခဏစောင့်လိုက် ဝင်လာလိမ့်မယ်။"

ရဲသွေး ခေါင်းညိတ်ပြလိုက်သည်။ထက်လင်းတို့နှင့် ဖုန်းသာပြောဖြစ်ပြီး VC မပြောဖြစ်တာ နှစ်ပတ်ခန့်ရှိပြီဖြစ်သည်။ကိုယ်အားလျှင် သူတို့ကမအား၍ အချိန်ညှိနေရတာနှင့် လွဲတာများ၏။

Expensive Millionaire [Ongoing]Where stories live. Discover now