Part-7 (Unicode)

3.4K 220 9
                                    

ပုံမှန်အတိုင်း ကျောင်းတက်ရက်များစွာကို ဖြတ်သန်းကုန်ဆုံးသည်။စာမေးပွဲကြီးသည်လည်း နီးလာပြီဖြစ်၏။ထို့ကြောင့် စာကိုလည်း ပို၍လုပ်ဖြစ်သည်။ရဲသွေးလိုပင် ကျောင်းသားအားလုံးသည်လည်း ထိုသို့ဖြစ်မည်ထင်ပါ၏။

ရဲသွေးတို့ ကျောင်းကိုရောက်လာလျှင် ပုံမှန်အတိုင်းသာအချိန်ကုန်၏။စာသင်ချိန်ဆိုလျှင် စာသင်၊နားချိန်ရောက်လျှင် နားနှင့် ဖြစ်သည်။လူမိုက်ကောင်နှင့်လည်း အမြဲလိုလို ကတောက်ကဆ ဖြစ်၏။နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာကြောင့် ထူး၍စိတ်ရှုပ်မနေတော့ပေ။သူပြုမူသည့်ပုံစံအတိုင်းသာ တုံ့ပြန်လိုက်တော့သည်။

ယခုသည်လည်း နံနက်ပိုင်းစာသင်ချိန်များအပြီး နေ့လယ်စာထမင်းစားနားချိန်ဖြစ်သည်။ရဲသွေးတို့လည်း နေ့လယ်စာကိုခပ်သွက်သွက်စား၍ ညီလေးကိုခေါ်ကာ ကစားကွင်းဘက်ထွက်လာလိုက်ကြသည်။ထို့‌နောက် ပုံမှန်လိုပင် ညီလေးကစားနေတာကိုကြည့်ရင်း ဟိုပြောသည်ပြော။

နေ့လယ်ပိုင်းတွင်တော့ စာသင်ချိန်များစွာ မရှိတော့ပေ။သန်ဘက်ခါကျလျှင် 'လွတ်လပ်ရေးနေ့' ဖြစ်၍ ထိုနေ့တွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။ထို့ကြောင့် ကျောင်းသားများအား အကြိုလေ့ကျင့်ပေးမည်ဖြစ်သည်။အထူးသဖြင့် မူလတန်းနှင့်အလယ်တန်းကျောင်းသားများအတွက်ဖြစ်သည်။အထက်တန်းကျောင်းသားများသည် အထူးတလည်လေ့ကျင့်ပေးရန် မလိုတော့သည်ဖြစ်၍ ကိုယ့်ကိုယ်ကိုယ်သာလေ့ကျင့်ရုံပင်။

ရဲသွေးတို့လည်း ကလေးများ၏လေ့ကျင့်နေမှုများအား လိုက်ကြည့်ရန်အတွက်သာ အစီအစဉ်ရှိပါသည်။

ကျောင်းတက်သွားသည်နှင့် ရဲသွေးတို့ကတော့ စာသင်ချိန်တစ်ချိန် သင်ရသေး၏။ထို့နောက်တွင်မှ လိုက်ကြည့်နိုင်သည်။

ကြီးမားကျယ်ပြန့်သော အားကစားရုံအတွင်းတွင် ကစားနည်းအမျိုးမျိုးကိုလေ့ကျင့်နေကြသည့် ကျောင်းသားများအား
တွေ့ရသည်။မူလတန်းအရွယ် ကလေးများဖြစ်ကြသည်နှင့်အညီ
လှုပ်ရှားပုံများကအစ ချစ်စဖွယ်ကောင်းနေ၏။မူလတန်းကလေးများအတွက် ကစားနည်းများမှာ မုန့်စားပြိုင်ပွဲကသာ အဓိကဟုဆိုရမည်။ထိခိုက်ဒဏ်ရာရမည်စိုး၍ ကြီးကြီးမားမားကစားနည်းများမပါပေ။

Expensive Millionaire [Ongoing]Where stories live. Discover now