"ငါ့မောင်လေးကတော့ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းချောနေတာပဲ။အစ်မတို့တွေ မဆုံဖြစ်တာတောင် နည်းနည်းကြာသွားပြီနော်။"
"ဟုတ်တယ် မဇာခြည်။ဦးသန့်ကတော့ အလုပ်တွေများနေမှာပေါ့။"
"ဟုတ်ပါ့ရှင်။သူက အလုပ်တအားများတဲ့လူ။ခဏနေရင်တော့
လာကြည့်မယ်ပြောတယ်။""ဟုတ်ကဲ့ "
"ရဲသွေးက အလုပ်တွေနားထားတယ်ဆိုလို့ ဒီအတွက်တောင်လက်မခံမှာစိုးရိမ်နေတာ အစ်မက။"
"Luxury အတွက်ကတော့ အချိန်ပေးရမှာပေါ့ အစ်မရာ။"
"ကျေးဇူးတင်ပါတယ်ရှင်။"
Luxury ဖက်ရှင်ကုမ္ပဏီမှ MD အစ်မနှင့်ရဲသွေးတို့စကားပြောနေကြတာဖြစ်သည်။အလုပ်တွေနားထားတာမှန်သော်လည်း ကိုယ့်ကိုယခုလိုအခြေအနေရောက်အောင် ကူညီပေးခဲ့သူများဖြစ်၍ ရဲသွေးဘက်ကလည်း တတ်နိုင်သမျှပြန်လုပ်ပေးခြင်းဖြစ်သည်။ပထမဆုံး photo model အဖြစ်ရိုက်ကူးပေးပြီးစဉ်ကတည်းက ယနေ့အထိ တောက်လျှောက်
collection အသစ်ထွက်တိုင်း model အဖြစ် ရိုက်ပေးဖြစ်သည်။ယခုသည်လည်း Men Fashion အတွက် collection
အသစ်ရိုက်ကူးပေးရမှာဖြစ်သည်။Luxury နှင့်လက်တွဲလုပ်ကိုင်နေသည့် designer များကလည်း ခေတ်နှင့်အညီဖန်တီးနိုင်ကြသည်။ထို့ကြောင့် Luxury ဖက်ရှင်ကုမ္ပဏီသည် ဖက်ရှင်လောကတွင် အတော်အတန်နာမည်ရနေပြီဖြစ်သည်။Make up နှင့် hair တို့ကို ပြင်ဆင်လိုက်ပြီးသည့်နောက်
အဝတ်အစားလဲသည်။ထိုအပ်သည့် accessory များကိုဝတ်၏။ထို့နောက် photo shooting စသည်။ Indoor shooting ဖြစ်၍ အလုပ်ပြီးမြန်သည်။Collection တစ်ခုစာပဲဖြစ်၍ စောစောအလုပ်ပြီးသည်။
Shooting မပြီးခင်တွင် Luxury ၏ CEO ဦးသန့်
(ဦးသတိုးမင်းသန့်) ရောက်လာ၏။လေးစားမှုအရ 'ဦး'တပ်၍ခေါ်ရခြင်းဖြစ်သော်လည်း အသက်သည် ရဲသွေး၏ကိုကြီးနှင့်သိပ်မကွာ။လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သော်လည်း လုပ်နိုင်စွမ်းရှိသည်ဟုမြင်သည်။"ရဲသွေး... ကိုယ် နေ့လယ်စာလိုက်ကျွေးပါရစေ။"
ရဲသွေးတို့အနားကို ရောက်လာပြီးနောက် ဦးသန့်ကပြော၏။အနားရှိ မဇာခြည်ကလည်းပြုံးနေသည်။မဇာခြည်နှင့်ဦးသန့်တို့သည် မောင်နှမအရင်းအချာများဖြစ်ကြ၏။
YOU ARE READING
Expensive Millionaire [Ongoing]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [20.5.2024] ➡️ Credit to owner for the cover photo.