Part-21 (Unicode)

1.3K 145 8
                                    

"ဒီနေ့တော့ မေမေတို့လည်း ဆေးရုံသွားကြရမယ် သား။အိမ်မှာ
အေးဆေးနား။ညီလေးကို ကျောင်းလိုက်ပို့အုံးမှာလား။"

"ဟုတ် မေမေ၊သားပဲသွားပို့လိုက်ပါ့မယ်။"

ရဲသွေး ပြောလိုက်တော့ မေမေကခေါင်းညိတ်ရင်း နံနက်စာကိုဆက်စားသည်။နံနက်စာစားရသည့်အရာသာက ကိုကြီးမရှိတော့
အနည်းငယ်တိတ်ဆိတ်သွား၏။အိမ်တစ်အိမ်တွင် လူတစ်ယောက်တိုးလာလျှင် မသိသာသော်လည်း လူတစ်ယောက်လျော့သွားလျှင်တော့ အတော်သိသာ၏။

"အိမ်မှာပျင်းရင် ဆေးရုံလိုက်ခဲ့ပါလား သား။"

"အိမ်မှာပဲနေပါတော့မယ် ဖေဖေ။ဖေဖေတို့လည်း အလုပ်ရှုပ်နေမှာဆိုတော့။"

"အေး အဲ့ဒါလည်းဟုတ်တာပဲ။ဒီနေ့တော့ ဖေဖေတို့က မသွားမဖြစ်လို့ပါသားရေ။ဆေးရုံကို ရက်ရှည်ကြီးပစ်ထားဖို့ကျ မကောင်းလို့။"

"ဟုတ်ကဲ့ ဖေဖေ၊အလုပ်ကိုအေးဆေးသွားပါ။"

ရဲသွေးတို့ နံနက်စာဆက်စားကြသည်။အိမ်ပြန်ရောက်လာကတည်းက အစားများကိုဖိစားဖြစ်နေ၍ ကိုယ်အလေးချိန်လည်း တက်လာပြီဖြစ်သည်။ဟိုကိုပြန်ရောက်လျှင်တော့ Gym ပုံမှန်ပြန်ကစားရမည်။ပြန်ရောက်သွားသည်နှင့် Fashion Show လျှောက်ရန်ရှိသည်။ပွဲတွေက ဆက်တိုက်လိုလိုဖြစ်နေ၍ Fashion Model တစ်ယောက်အနေနှင့် ကိုယ်အလေးချိန်မပြောငလဲရန် အထူးဂရုစိုက်ရသည်။

‌နံနက်စာစားရင်း မေမေတို့နှင့်လည်းစကားပြောရင်း အချိန်ကုန်ဆုံးနေစဉ် အိမ်ရှေ့သို့ ကားရပ်လိုက်သံကိုကြားရ၏။

"ပြောရင်းဆိုရင်းနဲ့ သားကြီးတို့ရောက်လာကြပြီထင်တယ်။
အစောကြီးရှိပါသေးတယ် ဘာကိစ္စရှိလို့လဲမသိဘူး။"

မေမေကပြောရင်း နားစွင့်သည်။ရဲသွေးတို့အားလုံးလည်း ထကြည့်ရန်ဟန်ပြင်ကြ၏။သို့သော် အန်တီမြက ဦးစွာ ထွက်ကြည့်လေသည်။ထို့နောက် ထမင်းစားခန်းဘက်ကို ပြန်လျှောက်လာကာပြော၏။

"သားကြီးတို့မဟုတ်ဘူး မမ။"

အန်တီမြ၏အပြောကြောင့် မေမေကထပ်မေး၏။

"ဒါဆို ဘယ်သူတွေတုန်း မြ။မနက်အစောကြီးကို။"

"သားရဲသွေးဆီကိုလာတာတဲ့။အလုပ်ကိစ္စဆိုလားပဲ။"

Expensive Millionaire [Ongoing]Where stories live. Discover now