Part-13 (Unicode)

1.7K 161 15
                                    

"ကိုဝေရေ model အသင့်ဖြစ်နေပြီနော်။"

ကုမ္ပဏီဘက်မှတာဝန်ရှိသည့် အစ်မကပြောလိုက်လျှင်
photographer အစ်ကိုဝေလင်းက ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် စတင်ရိုက်ကူးနိုင်ရန်အတွက် ပြင်တော့၏။

ရဲသွေး သည် မှန်ထဲတွင်မြင်နေရသည့် ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း အားပေးစကားပြောလိုက်မိသေးသည်။ပထမဆုံးအကြိမ်လုပ်ရသည့် အနုပညာအလုပ်ဖြစ်၍ စိတ်လှုပ်ရှားတာရော ဝမ်းသာတာရော ရောယှက်နေ၏။အလုပ်အတွက် လာကမ်းလှမ်းတုန်းက မယုံနိုင်ဖြစ်ရသေးသည်။အကြိမ်ကြိမ်လည်း စဉ်းစားခဲ့သေး၏။ကိုယ်ဝါသနာပါသည့် အလုပ်ဖြစ်နေ၍ လုပ်ဖြစ်သွားသည်။

"ရပြီ မောင်လေး၊သွားလိုက်တော့နော်။"

ပြင်ဆင်ပေးသည့် stylist အစ်မကိုခေါင်းညိတ်ပြလိုက်ပြီး
ရဲသွေး ထွက်လာခဲ့တော့သည်။ထို့နောက် သတ်မှတ်ထားသည့်နေရာတွင် အသင့်စောင့်နေလိုက်၏။

"ဖိုက်တင်း! ရဲသွေး..။"

ထက်လင်း၏စကားကို ခေါင်းညိတ်ပြရုံသာ တုံ့ပြန်လိုက်နိုင်သည်။အားလုံးကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် အလုပ်စလုပ်တော့သည်။ shooting တွင် ကုမ္ပဏီဘက်မှလူများအပြင် လူစိမ်းများစွာလည်းရှိနေသည်ဖြစ်ရာ ရဲသွေး နည်းနည်းတော့အနေရခက်သည်။ပထမဆုံးအကြိမ်ဖြစ်နေတာလည်းပါလိမ့်မည်။

"ညီလေး စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားနော်။
ပထမဆုံးဆိုတော့ စိတ်လှုပ်ရှားတာက ဖြစ်တတ်ပါတယ်။"

"ဟုတ်ကဲ့.."

Photographer အစ်ကိုကလည်း သင်ကြားပေးနေ၏။ရဲသွေး ရှက်စိတ်ကြောက်စိတ်များကို ဖယ်ထုတ်ပစ်လိုက်ပြီး
အလုပ်ထဲတွင် စိတ်နှစ်လိုက်တော့သည်။ညက လေ့ကျင့်ထားသည့် pose ပေါင်းများစွာကို သေချာထုတ်ပြသည်။ indoor shooting ဖြစ်နေ၍ တော်တော့သည်။

"Model လေးက တော်တော်ချောသားပဲ။ဘယ်ကရှာလာတာလဲ ဆွေသူ။"

"MUFL က king လေးတဲ့။CEO တို့ကိုယ်တိုင်ရှာထားတာ။"

"ဪ... မျက်နှာသစ်လေးကိုသုံးထားတော့ တစ်မျိုးဆန်းသွားတာပေါ့။ကြော်ငြာလေးပေါက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။"

Expensive Millionaire [Ongoing]Where stories live. Discover now