Part-12 (Unicode)

3.7K 191 16
                                    

"အိမ်ပြန်ရောက်ရင် မင်းတို့မှာ ဘာအစီအစဉ်တွေရှိကြလဲ။"

"ဘာအစီအစဉ်မှမရှိဘူး အိမ်မှာပဲနားမှာ။"

ထက်လင်း က မေးလိုက်သူဖြစ်ပြီး နေမင်းပိုင် က ပြန်ဖြေသူဖြစ်၏။ရဲသွေး ကတော့ ဖုန်းကြည့်နေရင်းမှ သူတို့အား တစ်ချက်စောင်းကြည့်မိရုံသာ။ထိုအခါ ထက်လင်း က ဆက်ပြောသည်။

"မင်းကတော့ အိမ်ကြောက်ရတဲ့ကောင်ကိုး။ဘယ်အစီအစဉ်ရှိမလဲ။"

"ဟွန်း!... မင်းကတော့ အိမ်ကိုမကြောက်ရဘူးဆိုတော့။"

"မင်းလောက်တော့ မကြောက်ရဘူးလေ။တော်ပြီ ဘာမှဆက်မပြောနဲ့တော့။ငါ ရဲသွေးကိုမေးတာ။"

ထက်လင်း က ပိတ်ပြောပစ်လိုက်လျှင် နေမင်းပိုင် က ဆက်ပြောရန်မဖြစ်နိုင်တော့၍ ပြုံးလျက်ငြိမ်ကျသွား၏။ရဲသွေးလည်း လိုက်ပြုံးမိသည်။ထက်လင်း က နေမင်းပိုင်ကိုဆိုလျှင် နိုင်သည်။စကားနှင့်အနိုင်ယူ၍ မကျေနပ်သေးပါက လက်ဖြင့်ပါအနိုင်ယူတတ်သေးသူဖြစ်သည်။

"ရဲသွေး မင်းရဲ့မုန့်တွေကများလိုက်တာ။ငါနဲ့အတူသွားဝယ်တုန်းက အဲ့လောက်မများဘူးလားလို့။"

ရဲသွေးဘက်သို့ လှည့်လာလေပြီ။ထို့ကြောင့် ရဲသွေး သည် ဖုန်းကိုပိတ်ပစ်လိုက်ပြီး ထက်လင်းကိုကြည့်လိုက်သည်။ထို့နောက်...

"ဒါပဲလေ မများပါဘူး။"

မယုံသည့်အကြည့်ဖြင့် အကြည့်ခံလိုက်ရသေးသည်။

ယခုသည် စာမေးပွဲပြီးပြီဖြစ်‌သောကြောင့် ရဲသွေးတို့ ရန်ကုန်သို့ ပြန်ကြမည်ဖြစ်သည်။ပထမနှစ်၏ ပထမနှစ်ဝက်ကတော့ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားလေပြီ။ထို့ကြောင့် ကျောင်း
နှစ်လ ပိတ်၏။

ရဲသွေးတို့သည် လေဆိပ်တွင်ရောက်နေကြပြီဖြစ်ပြီး စစ်ဆေးမှုအားလုံးကိုလည်း ခံယူပြီးပြီဖြစ်သည်။

ဆုပြည့်တို့ကလည်း လေယာဉ်ကွင်းအထိ လိုက်ပို့ကြပါသည်။စကားပြောပြီးမှ ပြန်သွားတာဖြစ်သည်။

အိမ်နှင့် လေးလတာကာလခွဲ၍ ကျောင်းလာတက်ရသည့်ခံစားချက်မှာ ပထမဆုံးအကြိမ် မိသားစုနှင့်ခွဲခွာလာရခြင်းဖြစ်သောကြောင့် စစချင်းမှာတော့ မနေတတ်ပေ။သို့သော် နေသားကျလာတော့ ပျော်လာပါသည်။မတူညီသည့်ပတ်ဝန်းကျင်က မတူညီသည့်အရာများကို ပေးစွမ်းသည်လေ။

Expensive Millionaire [Ongoing]Where stories live. Discover now