Part-3 (Unicode)

3.8K 245 21
                                    

"ကိုကို... မေမေကခဏလာခဲ့အုံးတဲ့။"

ရဲသွေး ကျောင်းသွားရန်အတွက် အဝတ်လဲရင်းပြင်ဆင်နေစဉ် ညီလေးကရောက်လာရင်း ပြောလိုက်တာဖြစ်၏။လှည့်ကြည့်လိုက်လျှင် ညီလေးလည်း ‌အဝတ်လဲပြီးနေလေပြီ။ရဲသွေး၏အနားကိုရောက်လာတော့ ရပ်ကြည့်နေသည်။

"လာ သွားကြမယ် သားသား။"

ရဲသွေး ညီလေးရဲ့လက်ကိုတွဲရင်း မေမေတို့အိပ်ခန်းဘက်ကိုလျှောက်လာလိုက်သည်။ရောက်သည်နှင့် တံခါးခေါက်၍အသိပေးလိုက်ပြီးမှ ဝင်လာလိုက်သည်။မေမေသည်လည်း ဆေးရုံသွားရန်အတွက် ပြင်ဆင်နေတာဖြစ်သည်။

"ထိုင်အုံးနော် သား။"

"ဟုတ် မေမေ။"

ရဲသွေးတို့ ဆိုဖာတွင်ထိုင်လိုက်ကြပြီး မေမေပြင်ဆင်ပြီးချိန်ကိုစောင့်ရင်း ညီလေးကြည့်ချင်သည့် ကာတွန်းဇာတ်ကားကိုကြည့်နေလိုက်ကြသည်။အချိန်ခေတ္တကြာတော့ မေမေလည်း ပြင်ဆင်ပြီးသွား၏။

"မေမေလည်း အလုပ်တွေရှုပ်နေတာနဲ့ သားနဲ့ကိုစကားသေချာမပြောဖြစ်ဘူး။ကျောင်းစာတွေလိုက်နိုင်ရဲ့လား သား။"

"ဟုတ် မေမေ စာတွေလိုက်နိုင်ပါတယ်။"

"တစ်ခုခုဆိုရင် မေမေ့ကိုပြောနော် သား။"

"ဟုတ် မေမေ။ဖေဖေက ဆေးရုံသွားပြီလား။"

"သွားပြီ သား။ဒီရက် ဆေးရုံမှာအစည်းအဝေးရှိလို့ စောစောသွားလေရဲ့။"

ရဲသွေး ခေါင်းညိတ်ပြလိုက်တော့ မေမေကလည်းပြုံးပြရင်း လက်ကိုင်အိတ်ကိုယူလိုက်သည်။ထို့နောက်....

"ရော့.. သား ဒါ ဒီအပတ်အတွက်သုံးဖို့။"

"သားမှာကျန်ပါသေးတယ် မေမေ။"

"ဒါဆိုလည်း နောက်ရက်တွေအတွက်ပေါ့ သားရဲ့။ဒီကလေးလေးကလည်း ကိုကို့ကို မုန့်အမြဲပူဆာနေတာမလား။"

မေမေကပြောရင်း ညီလေးကို ရွှတ်ခနဲနမ်း၏။ညီလေးကလည်း
သွားဖြူဖြူလေးတွေပေါ်သည်အထိပြုံးသည်။ညီလေးက မေမေ့ပေါင်ပေါ်တွင်ထိုင်နေတာဖြစ်ပြီး ရဲသွေးတို့ပြောသမျှကို လိုက်နားထောင်နေ၏။

Expensive Millionaire [Ongoing]Where stories live. Discover now