Part-5 (Unicode)

3.6K 227 8
                                    

စာမေးပွဲဖြေဆိုရမည့်ရက်ကို ရောက်လာပြီဖြစ်သောကြောင့် ပုံမှန်ကျောင်းတက်ရက်တွေထက် အနည်းငယ် စိတ်လှုပ်ရှားနေသည်။စာမေးပွဲအတွက် ပြင်ဆင်ထားသမျှက အဆင်သင့်ဖြစ်နေသော်လည်း စာမေးပွဲဟူသည့်စိတ်နှင့်ပင် စိတ်က လေးလံနေတာမျိုး။

နံနက်စောစော အိပ်ရာထပြီးစဉ်ကတည်းက ဖြေရမည့်ဘာသာရပ်အတွက် စာပြန်နွှေးထားပြီးဖြစ်၍ ကျောင်းသွားရန် ပြင်ဆင်ဖို့သာလိုတော့သည်။ရဲသွေး စာကြည့်စားပွဲမှထလာလိုက်ပြီး ကျောင်းသွားရန်ပြင်ဆင်တော့သည်။ပြီးသွားမှ အောက်ထပ်ကိုဆင်းလာလိုက်၏။

"ဪ သားဆင်းလာပြီ။မေမေက အခုပဲလာခေါ်တော့မလို့။"

ရဲသွေးကိုမြင်လိုက်သည်နှင့် မေမေကပြော၏။ညီလေးနှင့်အတူရှိနေကြတာဖြစ်ပြီး ညီလေးလက်ကိုတွဲထားသည်။သားအမိသုံးယောက်အတူ ထမင်းစားခန်းအတွင်းသို့ ဝင်လိုက်ကြပြီး နံနက်စာစားကြ၏။

ယနေ့ မေမေက နံနက်ပိုင်းအလုပ်နားသောကြောင့် ရဲသွေးတို့ကို
ကျောင်းလိုက်ပို့မည်ဖြစ်သည်။မေမေပါလိုက်မည်ဆို၍ ညီလေးကတော့ အလွန်ပျော်နေ၏။

နံနက်စာစားရင်း မေမေနှင့်လည်း စကားတချို့ပြောဖြစ်သေးသည်။

နံနက်စာစားပြီးသည့်နောက် ရဲသွေးတို့ အိမ်မှထွက်ခွာလာခဲ့ကြတော့သည်။လမ်းတစ်လျှောက်လုံးတွင် ညီလေးက ကျောင်းတွင်တွေ့ကြုံရသည်များကို မေမေ့အားပြောပြ၏။မေမေကလည်း သူ့သားပြောသမျှကို သဘောကျနေရှာတော့သည်။သည်လိုနှင့် ကျောင်းကိုရောက်လာ၏။

"သား စာမေးပွဲကိုသေချာဖြေခဲ့နော်။"

ကားပေါ်မှဆင်းဆင်းချင်း မေမေကလှမ်းပြော၏။ရဲသွေးလည်း
မေမေ့ကိုခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်ကဲ့ မေမေ၊ဒါဆို သားသွားပြီနော်။"

"ကိုကို တာ့တာ... "

"တာ့တာ.."

ရဲသွေး ကိုယ့်အတန်းဘက်ကို လျှောက်လာလိုက်သည်။ညီလေးကိုတော့ မေမေလိုက်ပို့မှာဖြစ်သည်။ညီလေး၏အတန်းပိုင်နှင့်လည်း စကားပြောချင်သေးသည်ဟုဆို၏။

Expensive Millionaire [Ongoing]Where stories live. Discover now