Part-14 (Unicode)

1.6K 133 11
                                    

ယနေ့နံနက်တွင်တော့ ရဲသွေး model အဖြစ် ပထမဆုံးလက်ခံရိုက်ကူးပေးခဲ့သည့် ဖက်ရှင်ကုမ္ပဏီမှ ကြော်ငြာပုံများအား စတင်ချပြကြော်ငြာနေပြီဖြစ်သည်။social media ထက်တွင်လည်း ရဲသွေး၏ပုံများက ရောက်ရှိနေကြပြီဖြစ်သည်။

ဖက်ရှင်ကုမ္ပဏီအနေနှင့်လည်း ပထမဆုံးအကြိမ် ထုတ်လုပ်ဖြန့်ချိသည့် ကိုယ်ပိုင် brand ဖြစ်၍ အထူးဂရုစိုက်ကြော်ငြာသည်။
အလှဆုံး၊အမိုက်ဆုံး ပုံများကို collection ထုတ်၍ ပြသကြော်ငြာသည်။

ကိုယ်တာဝန်ယူကြော်ငြာပေးထားရသည့် အလုပ်အတွက် ဝမ်းသာစိတ်ကတစ်ဖက်၊ အိမ်အတွက်စိုးရိမ်စိတ်ကတစ်ဖက်နှင့်
ရဲသွေးလည်း ဆောက်တည်ရာမရဖြစ်နေသည်။သည်အတိုင်းဆိုလျှင် ရက်ပိုင်းအတွင်း မေမေတို့ သိသွားကြတော့မည်ဖြစ်သည်။ရဲသွေးဘက်က သေချာရှင်းပြနိုင်မှဖြစ်မည်။

ရဲသွေး အတွက် ကံကောင်းသည်ဟုဆိုရမလိုပင်။ကြော်ငြာသည်
မျှော်လင့်ထားတာထက် ပို၍အောင်မြင်သွား၏။ရက်ပိုင်းအတွင်းမှာတင် ရောင်းအားသည် အလွန်များကြောင်း ကုမ္ပဏီဘက်မှလှမ်းပြောလာသည်။ထို့အတွက်ကြောင့် ရဲသွေးလည်း အလွန်ဝမ်းသာခဲ့ရသည်။

တစ်ဖက်တွင်လည်း မေမေတို့က ထိုလုပ်ရပ်အတွက် အကြီးအကျယ်စိတ်ဆိုးကြ၏။ရဲသွေးကိုယ်တိုင်လည်း ကြိုတင်တွေးမိထားခဲ့ပြီးဖြစ်သည်။မေမေတို့က ရဲသွေးကို ကျောင်းပြောင်းဖို့အထိ ပြောဆိုလာကြသည်။ပထမဆုံးအကြိမ်
မေမေတို့နှင့် ကတောက်ကဆဖြစ်မိခြင်း။

အနုပညာအလုပ် လုပ်မိသည်ဆိုသော်လည်း ပညာရေးကိုအလျော့မခံကြောင်း အထူးရှင်းပြရသည်။နေ့စဉ်ရက်ဆက်ဆိုသလို
အားကြိုးမာန်တက် ရှင်းပြပြောဆိုခဲ့ရ၏။မေမေတို့စိတ်ဆင်းရဲမှာကိုတော့ မလိုလားပေ။သို့သော် ရဲသွေးအနေနှင့်လည်း ကိုယ်ဝါသနာပါသည့်လမ်းကို လျှောက်ချင်၏။

ရက်အတော်ကြာပြီးမှ မေမေတို့က စိတ်ပြေစပြုသွားသည်။အနည်းငယ် လျော့ပေါ့ပေးလိုက်ခြင်းဖြစ်ပြီး နောင်တွင် မည်သို့သောကိစ္စများမဆို အသိပေးရမည်ဖြစ်ကြောင်း တစ်ခါတည်း
ကတိတောင်းသွား၏။ရဲသွေးကလည်း သေချာဆုံးဖြတ်၍ ကတိပေးလိုက်သည်။ရဲသွေးအနေနှင့် ကျောင်းပိတ်သည့်ကာလတွင်သာ အနုပညာအလုပ်လုပ်ရန် သဘောတူခဲ့သည်။ကျောင်းတက်စဉ်ကာလမှာတော့ မည်သို့သောအလုပ်ကိုမှ မလုပ်ရန် အထူးမှာကြားထား၏။မဟုတ်လျှင် ကျောင်းပြောင်းလာရမည်ဟု သဘောတူထားသည်။

Expensive Millionaire [Ongoing]Where stories live. Discover now