Part-11 (Unicode)

2.7K 188 17
                                    

"ရဲသွေးရေ... မြန်မြန်လုပ်ဟ။ဟိုဟာတွေ ငါတို့ကိုမေတ္တာပို့နေလောက်ပြီ။"

"အေးပါ... ပြီးပြီ ပြီးပြီ။"

ထိုမျှသာတုံ့ပြန်နိုင်ပြီး ခပ်သွက်သွက်ပြင်ဆင်ရသည်။အိပ်ရာထနောက်ကျသွား၍ လောနေရပြီဖြစ်သည်။ညက ဖုန်းကြည့်တာအချိန်လွန်သွားသည့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။ပြင်ဆင်ပြီးသည့်နောက် နှစ်ယောက်သား ကျောင်းသို့ထွက်လာခဲ့ကြတော့သည်။

ကျောင်းထဲကိုရောက်လာလျှင် ကျောင်းကန်တင်းဘက်ကိုဆက်သွားရ၏။ရောက်သွားလျှင် စောင့်နေသည့်သူငယ်ချင်းများကိုတွေ့လိုက်ရတော့သည်။ဆုပြည့် ဟူသည့်တစ်ယောက်ကတော့ မျက်နှာကို မှုန်ကုပ်ကုပ် လုပ်ထား၏။

"Sorry ပါဟာ။ငါ အိပ်ရာထနောက်ကျသွားလို့။"

ရဲသွေး က ပြောလိုက်လျှင် ကျန်လူများကတော့ ကိစ္စမရှိကြောင်းပြောသော်လည်း ဆုပြည့်ကတော့ မျက်နှာကိုမော်ချီထားဆဲ။

"ဒေါ်ဆုပြည့်က စိတ်ဆိုးနေပြီဆိုတော့ မစားတော့ဘူးပေါ့လေ။စိတ်မကောင်းစရာ...။"

ထိုအခါ ဆုပြည့်က ထက်လင်းကိုမျက်စောင်းတစ်ချက်ခဲရင်းဖြင့်..

"စိတ်ချ... တစ်ဆိုင်လုံးမှာစားပစ်မယ်။"

"နင်စားနိုင်ရင် မှာလေ။ကျွေးမှာပါ။"

ရဲသွေးကလည်း ဝင်ပြောလိုက်လျှင်

"ရဲသွေး နင်နော်...။"

ထိုမျှသာပြောပြီး မျက်စောင်းထိုးပြန်သည်။

"ငါတို့စောင့်နေတာဖြင့် ကြာလှပြီ။"

"စားနှင့်ကြပါလို့ ငါပြောတာပဲကို။"

"ဟဲ့ လူမစုံဘဲ မစားချင်လို့ပေါ့။"

"ရှင်းမယ့်လူ မလာသေးလို့ မစားရဲတာမလား။"

"ထက်လင်း နင်သေတော့မယ်နော်။"

"ဟားဟား!"

ရဲသွေး သဘောကျစွာပြုံးမိသည်။အဖွဲ့ထဲတွင် ဆုပြည့်နှင့်ထက်လင်းတို့သည် စကားနာထိုးဖော်ထိုးဖက်ဟုဆိုရမည်။ဆုပြည့်သည် မိန်းကလေးဖြစ်သော်လည်း သွက်လက်သူဖြစ်၏။အပြောအဆိုကအစ ပွင့်လင်းသူဖြစ်သည်။မကြာခဏ လူတိုင်းကိုစိတ်ကောက်စိတ်ဆိုးတတ်သေးသည်။စိတ်ပြေတာလည်း မြန်တတ်ပါ၏။

Expensive Millionaire [Ongoing]Where stories live. Discover now