Unicode
ပိတ်ထားသည့်ခြံတံခါးကိုဖွင့်ကာ ကားကိုခြံထဲသို့ သွင်းလိုက်လေသည်။မည်သူမှမရှိသည်မို့ အနည်းငယ်ခြောက်ကပ်လွန်းနေသည်။မောင်ချစ်တဲ့အမျိုးသမီးရဲ့ အပြုံးတွေလိုအပ်နေသည်မို့ ပို၍ပင် အဓိပ္ပါယ်မဲ့လွန်းနေသည်။
လှေကားတွေကိုကျော်လွန်ကာလော့ခ်ချထားတဲ့ အခန်းတံခါးကို ဖွင့်ရပြန်သည်။အခန်းဖွင့်ဖွင့်ချင်း နှာဖျားဆီကို တိုးဝင်လာသည့်ရနံ့က ရစ်မူးစရာကောင်းလွန်းသည်။ဒီဇိုင်းစာအုပ်ကျန်ခဲ့သည်မို့လာယူရသော်လည်း အိမ်၌ တစ်ယောက်တည်းမို့ အထီးကျန်ဆန်သလိုပင်ခံစားရသည်။အခန်းတံခါးဖွင့်ကတည်းက ရှာနေသည့်ဒီဇိုင်းစာအုပ်ကို အခုထိပင် မောင်မတွေ့သေးပေ။နာရီဝက်လောက်ကြာလာသည်အထိရှာနေသော်လည်း မတွေ့သည်မို့ နုဆီကိုသာဖုန်းဆက်မိတော့သည်။
နုတွေ့နေနိုင်သည်မဟုတ်လား။စက္ကန့်ပိုင်းမျှကြာမှသာကြားရသည့် အသံဟာ မောင့်အတွက်ဘယ်ချိန်ဖြစ်ဖြစ် ချိုသာလွန်းနေသည်။"ဟယ်လိုမောင်"
"အန်တီ"
"မောင် ဘာဖြစ်လို့လဲ"
"ဟိုလေ တစ်နေ့ကမောင်ဆွဲထားတဲ့ ဒီဇိုင်းစာအုပ်ကလေးတွေ့မိသေးလားဟင်"
"မောင်အလုပ်ကိုယူသွားမယ်လို့ပြောတယ်လေ"
"မောင်အလုပ်မှာရှာတာလည်းမတွေ့ဘူး။အခု အိမ်မှာလာရှာနေတာအန်တီရဲ့"
"ဟုတ်လား။သေချာရှာကြည့်လိုက်ပါဦးမောင်ရဲ့။ရှိမှာပါကွယ်။ အိမ်မှာတို့နဲ့မောင်နှစ်ယောက်တည်းရှိတာကို"
"ဟုတ် မောင်ထပ်ပြီးရှာကြည့်လိုက်ဦးမယ်။အန်တီအလုပ်ရှုပ်သွားပြီထင်တယ်"
"မရှုပ်ပါဘူး။သေချာရှာကြည့်လိုက်နော်။တွေ့မှာပါ"
"မောင်ရှာကြည့်လိုက်ဦးမယ်နော်။ချစ်တယ်အန်တီ"
"မဆိုင်ဘဲနဲ့ကွယ်"
"မသိဘူး။ချစ်တယ် ချစ်တယ် ဒါဘဲ"
ပြောချင်ရာကိုသာပြောပြီး ဖုန်းကိုအမြန်ချလိုက်ကာ ဒီဇိုင်းစာအုပ်ကို ဆက်ရှာမိသည်။အခန်းထဲရှိနေရာတော်တော်များများကို ရှာပြီးသော်လည်း မတွေ့သေးပေ။နောက်ဆုံးတော့ နုဗီရိုကလေးသာ ရှာရန်ကျန်တော့သည်။မရှိလောက်နိုင်တာသိသော်လည်း တစ်ခုတည်းကျန်သည်မို့ မောင်တစ်ခါတည်းရှာကြည့်လိုက်သည်။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)