နှစ်ဆယ့်ခြောက်(U+Z)

2.8K 209 19
                                    

Unicode

အထပ်ထပ်မြင့်ကာ လူရှုပ်သည့်ရှောပင်းစင်တာထဲကို တစ်ယောက်တည်းခြေချရတာ ခပ်ကြောင်ကြောင်ပင်ဖြစ်ရသည်။လူသူရှုပ်သည့်နေရာတွေမှာ တစ်ယောက်တည်းတိုးဝင်ရတာ တကယ်ပင်အဆင်မပြေတော့ပေ။တစ်ယောက်တစ်စုံရဲ့လက်ကိုသာ တွဲသွားရရင်ဆွဲတဲ့အတွေးက ဧကရီ့ခေါင်းထဲကို ချက်ချင်းဝင်လာပြန်တော့ တခဏမျှပြုံးလိုက်မိသည်။ခပ်ကြောင်ကြောင်အတွေးတွေကိုဖျောက်ကာ
ကိုယ်လိုအပ်တာဝယ်မည့် ဆိုင်တစ်ဆိုင်ကိုသာ ဧကရီဦးတည်မိသည်။မှန်ချပ်တွေရဲ့နောက်မှာဒီဇိုင်းဆန်းသည့်ဖိနပ်တွေနဲ့ အိတ်တွေဟာ စီတန်းနေလေသည်။

မှန်ချပ်တွေရဲ့အပေါ်ဆိုင်းဘုတ်ကလေး၌
"Lily"ဆိုသည့်စာလုံးတွေကို ခပ်စောင်းစောင်းလေးရေးထားတာကို တွေ့ရလေသည်။ဒီဆိုင်ကလေးကို ဖြတ်သွားဖြတ်လာလုပ်တိုင်းမြင်နေရပေမယ့် အထဲထိတော့ တစ်ခါမှမဝင်ဖူးပေ။ဆိုင်ထဲ၌လည်း လူဟာ အတော်အသင့်မျှရှိနေသည်မို့ ဧကရီအဖို့ ဝင်ရမှာပင် တွန့်ဆုတ်မိသည်။ဆိုင်အရှေ့ကို ခြေချမိရုံနဲ့ ကြားရသည့် အသံချိုချိုလေးကြောင့် ပြုံးရပြန်သည်။

"ဘာများအလိုရှိပါသလဲရှင့်။စိတ်ကြိုက်ကြည့်နိုင်ပါတယ်ရှင့်"

        ခေါင်းသာငြိမ့်ပြပြီး ဆိုင်ထဲကိုသာ ခြေချလိုက်သည်။ဖိနပ်တွေကအစအိတ်တွေအဆုံးဒီဇိုင်းစုံလင်လိုက်ပုံများ မည်သည့်အရာကိုရွေးရမလဲပင်မသိတော့ပေ။ပစ္စည်းတွေကို လှည့်ပတ်ကြည့်နေသည့် ဧကရီ့ကိုတစ်စုံတစ်ယောက်ကအသေအချာကြည့်နေလေသည်။ထိုတစ်စုံတစ်ယောက်ဟာ တခြားသူမဟုတ် ကြွယ်ပင်။ဆိုင်ထဲကို ဝင်လာသည့်ထိုကလေးမလေးကို မြင်ဖူးသလိုရှိသည်မို့ ကြွယ်လိုက်ကြည့်မိသည်။တကယ်လည်း ဒီကလေးမလေးကိုကြွယ်အနည်းငယ်မျှသိလေသည်။အစ်မဖြစ်သူနုရဲ့ဌာနက ဆရာဝန်ပေါက်စကလေးအဖြစ်နဲ့ ကြွယ်သိလေသည်။

အိတ်တွေတင်ထားတဲ့စင်နားမှာတဝဲလည်လည်လုပ်နေတဲ့ ဧကရီပုံစံဟာ တကယ့်ကိုကလေးတစ်ယောက်လိုပင်။ကလေးငယ်တစ်ယောက်လို လိုချင်တဲ့ပစ္စည်းကိုတစိမ့်စိမ့်ကြည့်နေလိုက်ပုံများ...။

"မင်းအရပ်ကလည်း ပုလိုက်တာကွာ"

         မမှီတမှီနဲ့လှမ်းယူနေသည့်အိတ်လေးကို
တစ်စုံတစ်ယောက်ယူသွားတာကို ဧကရီသိလိုက်သည်။
သေချာသည်က အမျိုးသမီးတစ်ဦးယူလိုက်ခြင်းပင်။ထိုအမျိုးသမီးကို ကြည့်မိတော့ မျက်နှာဟာတည်နေလေသည်။မိတ်ကပ်မှုန်ကလေးတွေဟာ မျက်နှာပေါ်မှာ ခပ်ညက်ညက်နေရာယူထားသည်ကိုလည်းတွေ့ရသည်။လှသည်...။မြန်မာဆန်သည့်အလှမျိုးမဟုတ်သည့်ဒီအမျိုးသမီးဟာ ဧကရီ့မျက်လုံးထဲမှာသိပ်ကိုလှနေသည်။

"ေမာင့္ၾကင္နာသူ"(Completed)Where stories live. Discover now