ခြောက်ဆယ့်တစ်(U+Z)

781 87 15
                                    

Unicode

ကြယ်တွေကိုတယုတယငေးခဲ့တဲ့မောင်သည်အခုတော့ ကြယ်တွေကိုမငေးနိုင်လောက်အောင် နာကျင်စူးနစ်လို့နေသည်။သုံးယောက်သာရှိတဲ့ညစာစားပွဲ၌ မောင်သည်အစောဆုံးထထွက်ခဲ့ပြီး အပေါ်ထပ်ဝရံတာမှာ ခြေချနေလေသည်။အချိန်ဟာ စောသေးသော်လည်း ပတ်ဝန်းကျင်အသံဟာ တိတ်ဆိတ်လွန်းနေသည်။မည်သူတစ်ဦးတစ်ယောက်မှမမြင်နိုင်တဲ့မောင့်ရင်ထဲမှာလည်း တိတ်တဆိတ်ငိုနေလေပြီ။ကြယ်တွေမစုံတဲ့ဒီညမှာ မောင့်ရင်ထဲအထီးကျန်ဆန်စွာခြောက်သွေ့နေလေသည်။

"မောင်"

"ဟင် အန္တီ"

"ဘာလို့အစောကြီးထထွက်သွားတာလဲ။ထမင်းလည်းအသေချာမစားဘူး"

"မောင်ရင်ပြည့်သလိုဖြစ်နေလို့ပါ။
နောက်ပြီးသိပ်လည်းမဆာလို့လေ"

"အင်းပါ"

"အန္တီ မောင်ငိုချင်နေတယ်။ထိန်းထားပေမဲ့အတင်းငိုချင်နေတယ်"

"မငိုပါနဲ့မောင်ရယ်။စိတ်ကိုပေါ့ပါးအောင်နေလိုက်ပါ။ဘာဆိုဘာမှမတွေးနဲ့တော့"

"မတွေးပေမဲ့ အတွေးထဲဝင်လာတာ မောင်ဘယ်လိုလုပ်ရမလဲဟင်"

"ဘယ်လိုမှလုပ်လို့မရမှန်းမောင်သိတယ်မလား။တို့လည်းမောင့်လိုပဲခံစားနေရတယ်။ဒါပေမယ့် အတတ်နိုင်ဆုံးထိန်းထားရမယ်မောင်။သမီးစိတ်မကောင်းမဖြစ်အောင် တို့တွေအတတ်နိုင်ဆုံးပြုံးထားရမယ်"

"မောင်တတ်နိုင်သလောက်ပြုံးပါ့မယ်"

"ဒီလိုမှပေါ့အချစ်ရယ်"

"မေမေ မားမား"

            ချိုသံသည့်မြူနှင်းအသံဟာ မောင်နဲ့နုရဲ့ရင်ကို မြှားတစ်စင်းနဲ့ထိုးစိုက်လိုက်သလိုပင်။ဒီအသံသည် တဆစ်ဆစ်နဲ့နာကျင်ရသည့်ခံစားမှုမျိုးနဲ့ဆင်တူသည်။

"သမီးလေး မအိပ်သေးဘူးလား။စောစောအိပ်ရမယ်လေ။တော်ကြာ မနက်ကျမျက်ကွင်းလေးတွေညိုနေလိမ့်မယ်"

"ဟုတ်သားပဲသမီးရဲ့ အိပ်တော့နော်။မနက်ဖြန်ကျမားမားသမီးလေးက အလှဆုံးဖြစ်နေရမှာလေ"

"သမီးက မေမေနဲ့မားမားနဲ့အတူအိပ်မလို့။ရတယ်မလားဟင်"

"ဟင်"

"ေမာင့္ၾကင္နာသူ"(Completed)Where stories live. Discover now