Unicode
"ကိုကို့ပူတူးလေးနိုးပြီးလား"
မြင်နေရသည့် စကားစု၌ စာလုံးသည် ဆယ်လုံးပင်မပြည့်သော်လည်း မောင့်ရင်ထဲဆစ်ခနဲနာကျင်ရသည်။ဒါဟာ ဘာကိုဆိုလိုသလဲဆိုတာ သိသော်လည်း မောင့်အတွက်ယုံကြည်ဖို့မဖြစ်နိုင်ပေ။မောင့်အတွက်တော့ မြူနှင်းလေးဟာ ကလေးတစ်ယောက်သာရှိသေးသည်
မဟုတ်ပါလား။ဒီကလေးလေးဟာ ချစ်သူရည်စားတောင်ရှိနေသည်တဲ့လား။မောင်ဖြင့် ယုံတောင်မယုံနိုင်။သမီးတစ်ယောက်ကို အခြားသူတစ်ယောက်ရဲ့လက်ထဲကိုထည့်ပေးဖို့ မောင့်မှာသတ္တိမရှိပေ။သမီးကိုသိပ်ချစ်တဲ့မောင်သည် ဘယ်လိုနည်းနဲ့မှသတ္တိမရှိနိုင်ပေ။အချိန်တန်ရင် ဆုံးရှုံးရမည်ဆိုတာသိသော်လည်း ထိုအချိန်ကျရင်တော့ မောင်ဟာ သေချာပေါက်ပြိုလဲပေဦးမည်။ချစ်ရတဲ့သမီးလေးအတွက် မောင်ပြိုလဲဦးမှာ။ရှားရှားပါးပါးရခဲ့သည့်
သမီးလေးမို့ မောင့်မှာ ပို၍နှမြောသည်။တွန့်တိုသည်။ဒါဟာ မိဘတစ်ယောက်ရဲ့ ခံစားချက်မို့ မောင့်အတွေးနဲ့မောင့်ခံယူချက်မမှားဘူးမဟုတ်လား။"သ မီး"
ဝမ်းနည်းမှုကြောင့် မောင့်အသံသည် တုန်ယင်ကာ အားယူပြီးခေါ်ရသည်။မောင့်အမြင်ထဲက ကလေးလေးဟာ အချစ်ကိုတောင်စိတ်ဝင်စားနေပြီတဲ့လား။
"ထပြီမားမားရာ။သမီးအိပ်ချင်နေသေးတယ်"
"သမီးကျောင်းသွားရမှာလေ"
"ဟုတ်"
အိပ်ချင်မူးတူးဖြစ်နေတဲ့ မြူနှင်းသည် ဘေးရှိဖုန်းကိုဖွင့်ကြည့်ပြီးချိန်၌ သဘောတကျပြုံးနေသည်ကို မောင် အသေအချာမြင်နေရသည်။ဖုန်းမှန်ပြင်ပေါ်က စာတစ်ကြောင်းကြောင့်ဆိုတာကို မောင်ရိပ်မိတာပေါ့။မောင်လည်း ငယ်ရာကနေကြီးလာသည်မဟုတ်ပါလား။
"သမီး ရေချိုးပြီးပြင်ဆင်ခဲ့ မေမေကမနက်စာပြင်ပြီးစောင့်နေတာ"
"ဟုတ်ကဲ့"
ဖုန်းကိုချကာ ကုတင်ပေါ်မှထထွက်သွားတဲ့ မြူနှင်းကိုကြည့်ကာ မောင့်မျက်ဝန်းအိမ်၌မျက်ရည်များပင်ခိုလာသည်။ဒီကလေးမလေး မောင်တို့ရင်ခွင်မှာခိုလှုံတာ ဘယ်နှနစ်များရှိနေသေးလို့လဲ။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)