တစ္ဆယ့္ကိုး(U+Z)

2.9K 174 46
                                    

Unicode

နေရောင်ခြည်စတင်ထွက်လာတဲ့မနက်ခင်းတွေ၌ ဘေးမှာချစ်ရတဲ့လူတစ်ယောက်ရှိသည်ဆိုတဲ့ ခံစားချက်ဟာ စိတ်အစုံကိုအေးချမ်းစေသည်။ရင်ခွင်ထဲမှာအပ်နှင်းထားတဲ့ နုမျက်နှာပေါ်၌ ဆံနွယ်တွေဟာ ခပ်ရေးရေးကလေးကျနေသည်မို့ မောင်အသာအယာပင်ဖယ်ရှားပေးမိသည်။
ပြင်ဆင်ခြယ်သထားခြင်းမရှိတဲ့ ဒီမျက်နှာကလေးဟာ မောင့်အတွက် အချစ်ပိုစရာကောင်းလိုက်လေခြင်း။

ဖွင့်ထားသည့်မျက်ဝန်းတွေ၌ မျက်ရစ်ကလေးဟာ မထင်မရှာပေါ်လွင်နေသေးသည်။မျက်တောင်ကော့ကော့လေးတွေစီတန်းနေပုံကအစ လှပလွန်းနေသည်။မောင့်အတွက်တော့ ဒီနေ့မနက်ရဲ့အလှပဆုံးမြင်ကွင်းဟာ နုပဲဖြစ်ပေလိမ့်မည်။မထင်မှတ်ဘဲ ပွင့်လာသည့်မျက်ဝန်းတွေကြောင့် အနည်းငယ်အံ့သြမိသော်လည်း ထိုမြင်ကွင်းလေးကိုသာ မောင်ဆက်ကြည့်နေဆဲပင်။

"မောင်နိုးတာကြာပြီလား"

"ဟင့်အင်း အခုလေးတင်ပဲ"

"တို့ တို့ညကမူးနေခဲ့တာပဲ။မောင့်ကိုတောင်းပန်ပါတယ်ကွယ်"

"ရပါတယ်အန်တီ။အခုရောဘယ်လိုနေသေးလဲ"

           ဆရာဝန်တစ်ယောက်မူးနေတာကို မောင်ဘယ်လိုပြုစုရလေမလဲ။အသေအချာမပြုစုတတ်ရင်တောင် အနမ်းတွေနဲ့ဘဲ ကုစားပေးမည်။

"တို့ဘာမှမဖြစ်ပါဘူး"

"အင်းပါ။မောင်စိတ်ချလို့ရတယ်မဟုတ်လား"

"တို့ဘာမှမဖြစ်ပါဘူး။စိတ်ချပါ"

         မနက်ခင်းရဲ့အစတွေကို နုရဲ့အပြုံးတွေနဲ့သာ မောင်စတင်ချင်သည်။နုအသံချိုချိုကိုသာကြားချင်မိသည်။ဒါဟာမောင်ရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပင်။

         အလုပ်သွားဖို့အတွက် ကိုယ်စီပြင်ဆင်နေချိန်၌ အချိန်ဟာ ဘယ်လိုကုန်သွားမှန်းပင်မသိပေ။နေထွက်လာသည်နဲ့အမျှ အချိန်ဟာ အတော်လေးရှိနေပြီဆိုတာ သိနိုင်လေသည်။

"အန်တီ"

"ပြောပါရှင်"

"ဆေးရုံကိုမောင်လိုက်ပို့ချင်လို့"

"ဖြစ်ပါ့မလား။တို့ညနေဆေးခန်းလည်းရှိသေးတယ်လေ"

"ဆေးခန်းကိုလည်းမောင်လာကြိုမယ်။လိုက်ပို့ပေးမယ်နော်"

"ေမာင့္ၾကင္နာသူ"(Completed)Donde viven las historias. Descúbrelo ahora