ငါးဆယ့္ကိုး(U+Z)

1.4K 93 5
                                    

Unicode

အဖြူရောင်မှန်တင်ခုံရှေ့မှာထိုင်ကာ ဧကရီသည်အသေအချာအလှပြင်နေသော်လည်း ကြွယ်ကတော့ အခုချိန်ထိ အိပ်မက်ကမ်ဘာထဲမှာ တိုးဝှေ့နေဆဲပင်။နံရံမှာကပ်ထားတဲ့နာရီကိုကြည့်မိတော့ ခုနစ်နာရီပင်ခွဲနေလေသည်။
ပြတင်းပေါက်မှတဆင့်ကြည့်မိတော့ နေသည် အတော်လေးထွက်နေပြီမို့ အိပ်ပုတ်ကြီးနေတဲ့ ကြွယ့်ကို နှိုးရတော့သည်။အနမ်းတွေနဲ့နှိုးမှ ထတတ်တဲ့ ကြွယ့်ကို ဧကရီဟာ မနက်ခင်းတိုင်းအနမ်းတစ်ပွင့်ပေးလေ့ရှိသည်။ဒီအနမ်းတစ်ပွင့်ကသာ ကြွယ်နှိုးထအောင်အောင်လုပ်နိုင်သည်။

"မမ ထေတာ့"

"စောသေးတယ်"

"မစောတော့ဘူးမမရဲ့။ခုနစ်နာရီခွဲနေပြီ။ထတော့လို့"

"အင်း အင်း ထပြီ"

"ဒီလိုမှပေါ့မမရဲ့"

"ရီ ဒီနေ့ဘာနေ့လဲဆိုတာသိတယ်မဟုတ်လား"

"ဟင် ဘာနေ့လဲ"

"ရီနော်။မသိဘူးလားပြော"

"ဒီနေ့ရီနဲ့မမရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေ။ရီမသိဘဲနေပါ့မလားမမရဲ့"

"ဒီနေ့တို့တွေနှစ်ယောက်အတူရှိပြီးအချိန်တွေကို
ကုန်ဆုံးကြရအောင်"

"ရီလည်းအဲ့လိုဖြစ်ချင်တာ။ဒါပေမယ့် မဖြစ်လောက်ဘူးထင်တယ်မမ"

"ဘာလို့လဲရီရယ်"

"ဒီနေ့အလုပ်ဆင်းရမှာမမရဲ့။ရီနားလို့မရဘူးဖြစ်နေတယ်"

"ဒါဆိုရီကမအားဘူးပေါ့"

          နှုတ်ခမ်းဆူကာပြောနေသည့်ကြွယ့်ပုံစံက တစ်စုံတစ်ရာကို အလိုမကျနေသည့်ပုံစံဆိုတာ သိသာထင်ရှားလွန်းနေသည်။
ကြွယ့်အရှေ့မှာရှိတဲ့ဧကရီ့မျက်နှာကတော့အားနာစိတ်ဝင်နေသည့်ဟန်။

"ဟုတ်တယ်မမရဲ့။ရီလည်းဘယ်လိုလုပ်ရမလဲမသိတော့ဘူး"

"ရီရယ် ဒီနေ့ကတို့တွေရဲ့အရေးကြီးတဲ့နေ့လေ။ဒီလိုနေ့မျိုးမှာမှ နှစ်ယောက်အတူမရှိရရင် ဘယျလိုလုပျအဓိပ်ပါယျရှိမှာလဲ"

"ရီနားလည်ပါတယ်မမရယ်။ဒါပေမဲ့လေ."

"ဒီနေ့ဆေးရုံမသွားနဲ့ရီရာ။တို့အနားမှာပဲနေပေးပါ။တို့တောင်းဆိုပါတယ်ရီရယ်"

"ေမာင့္ၾကင္နာသူ"(Completed)Where stories live. Discover now