Unicode
နေ့မနား၊ညမနားဘဲ အလုပ်ကိုသာ ဦးစားပေးလုပ်နေတဲ့ မောင့်မျက်နှာ၌ ပင်ပန်းသည့်အရိပ်စကလေးတွေရှိလာသည်ဆိုတာ နုသတိထားမိလေသည်။မောင်ပင်ပန်းတဲ့အခါတိုင်း ချွေးသိပ်ပေးနိုင်တဲ့ လူတစ်ယောက်အဖြစ် နုရှိပေးချင်သည်။
မောင်ပင်ပန်းတဲ့အခါတိုင်း အရန်သင့် အပန်းဖြေခိုနားနိုင်မယ့် ရင်ခွင်တစ်စုံအဖြစ် အမြဲစောင့်ကြိုပေးချင်သည်။ဒါဟာ သာမန်မေတ္တာကြိုးတစ်ကြိုးရယ်ပါ။"မောင် ခဏလောက်တော့နားပါဦးကွယ်။မောင့်ကိုကြည့်ရတာ ပင်ပန်းနေသလိုပဲ"
"အင်း နည်းနည်းတော့ပင်ပန်းတယ်အန်တီရဲ့။ဒါပေမယ့် မောင်လုပ်နိုင်ပါတယ်"
"မောင်လုပ်နိုင်တာယုံကြည်ပေမယ့် ပင်ပန်းနေတော့မှာပဲကွယ်"
"ပင်ပန်းရလည်းတန်ပါတယ်အန်တီရဲ့။ချစ်ရတဲ့သူတွေပေါင်းဖက်ဖို့ တစ်ဖက်တစ်လှမ်းကနေပါဝင်ကူညီတာပဲလေ"
"အင်း တို့ရဲ့ကလေးလေးက သိပ်တော်တာပဲကွယ်"
မောင့်ရဲ့ဆံနွယ်လေးတွေကို ထိုးဖွကာ နုသည်သဘောတကျဆိုနေလေသည်။မိန်းမတစ်ယောက်ရဲ့ယုယကြင်နာမှုလေးတွေဟာ မောင့်အတွက် နိဗ္ဗာန်နဲ့တောင်မလဲနိုင်သည့် အရာလေးတွေပင်။
"အန်တီရဲ့ကလေးလေးပဲကို။နောက်ဆိုရင်တော့ ကလေးလေးနဲ့ပြိုင်ပြီးအန်တီ့ကိုလုရမယ်ထင်တယ်"
"အို တို့ကလေးလေးက လုဖို့စဉ်းစားနေတာလား။တို့ကိုမောင်ပိုင်ပြီးသားပါကွယ်။အခုလည်းပိုင်တယ်။
နောင်လည်းမောင်ပဲပိုင်နေဦးမှာသိရဲ့လား""တကယ်လားဟင်။ဒါဆိုလုစရာမလိုဘူးပေါ့။ပြိုင်ချစ်စရာမလိုဘူးပေါ့"
"မလိုပါဘူးကွယ်။ကလေးလေးကတို့ကိုချစ်တယ်ပဲထားလေ။
မောင်ကလည်းတို့ကိုချစ်တယ်။တူတူပဲပေါ့။လုစရာလည်းမလိုသလို ပြိုင်စရာလည်းမလိုပါဘူးကွယ်""ဘာပဲဖြစ်ဖြစ်ပါ။မောင်ကအန်တီ့ကိုသိပ်ချစ်မှာ။သေတဲ့အထိ မဟုတ်ဘူး ဖြစ်လေရာဘဝအတိုင်းအထိချစ်နေမှာ"
"အို တို့ကပိုချစ်မှာပေါ့။နောက်ပြီး ဘဝဆက်တိုင်းမှာ မောင်နဲ့တွေ့ဖို့အတွက် တန်ခိုးကြီးတဲ့ဘုရားတွေမှာ သွားပြီးဆုတောင်းချင်မိတယ်။တို့က မောင့်ကိုသိပ်ချစ်လို့လေ။ဒီဘဝမှာလည်းမောင့်ကိုချစ်တယ်။နောင်ဘဝတွေမှာလည်း မောင်တစ်ယောက်တည်းကိုပဲ ချစ်ချင်တယ်။တို့တော့ အတ္တကြီးသလိုများဖြစ်နေပြီလားမသိတော့ဘူး။အတ္တကြီးတယ်ဆိုရင်တောင် မောင်တစ်ယောက်တည်းအတွက် တို့အတ္တကြီးပါရစေကွယ်"
ESTÁS LEYENDO
"ေမာင့္ၾကင္နာသူ"(Completed)