ေလးဆယ့္သံုး(U+Z)

2K 154 14
                                    

Unicode

နေဝင်လုဆဲဆဲအချိန်၌ တိမ်လုံး၊တိမ်လိပ်တွေသည် ညိုမှိုင်းကာ ပုစွန်ဆီရောင်နေလုံးကြီးသည်လည်း ဝင်ခါနီးအချိန်ထိတောင် ထည်ဝါစွာတည်ရှိနေသေးသည်။တိမ်ညိုတွေရဲ့အလွှာအောက်မှာ ပျံသန်းနေတဲ့ ငှက်ကလေးတွေသည်လည်း စီရီစွာ လှပလွန်းနေသည်။ခပ်ညိုညိုတိမ်တွေရယ်...။ပုစွန်ဆီရောင်နေလုံးကြီးရယ်...။ငှက်ကလေးတွေရယ်...။ဒီညနေခင်းဟာ ဘယ်လောက်တောင်လှလိုက်သလဲ။

         ညနေခင်းအလှနဲ့အပြိုင်ဖြစ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးနှစ်ယောက်၏ခြေလှမ်းတွေသည်
နှင်းဆီနီပွင့်ဖတ်တွေဖြန့်ကြဲထားသည့် မြက်ခင်းပေါ်၌ လှပတင့်တင်စွာ လျှောက်လှမ်းနေလေပြီ။ယုံကြည်စွာတွဲခဲ့မိတဲ့လက်တစ်စုံကိုတွဲထားတဲ့ ဧကရီ့မျက်နှာ၌ ပျော်ရွှင်မှုအလင်းတန်းတွေဖြတ်ပြေးနေလေသည်။အရာအားလုံးကိုအောင်နိုင်သည့်သူပမာ ပျော်ရွှင်နေသည့် ကြွယ်မျက်နှာ၌လည်း ပျော်ရွှင်မှုတွေကိုအတိုင်းမြင်နေရသည်။ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်ရလို့ မပျော်တဲ့လူဆိုတာ ဒီကမ္ဘာမှာရှိပါဦးမလား။ပျော်လွန်း၍နှလုံးခုန်နှုန်းတွေ
ရပ်တန့်သွားမည်စိုး၍ စိတ်အစုံကို တတ်နိုင်သလောက် ထိန်းနေရလေသည်။

လေတိုက်တိုင်းလွင့်နေတဲ့ နှင်းဆီပွင့်ဖတ်လေးတွေသည် လှချင်တိုင်းလှနေလေသည်။
ကြွယ်နဲ့ဧကရီအချစ်သည်လည်းထိုနှင်းဆီပွင့်ဖတ်လေးတွေလို လှပကာ နူးညံ့လွန်းသည်။မိန်းမတစ်ယောက်နဲ့မိန်းမတစ်ယောက် လက်ထပ်ပွဲ...။ချစ်ခြင်းမေတ္တာကိုသာနားလည်ခံစားတတ်သူဆိုရင် ဒီလိုပွဲမျိုးဟာ အထူးအဆန်းမဟုတ်ပေ။လူအနည်းစုနဲ့သာ ကျင်းပသည့်ပွဲဆိုသော်လည်း ချစ်ခြင်းမေတ္တာကို ခံစားတတ်သည့်သူတွေပဲမို့ ချစ်ခြင်းမေတ္တာကိုအလေးနက်ဆုံး ထုတ်ဖော်ပြသနိုင်လေသည်။

"အခုလိုကျွန်မတို့ရဲ့မင်္ဂလာညစာပွဲလေးကို လာရောက်ပေးတဲ့သူတစ်ယောက်ချင်းစီကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်"

           ကြွယ့်လက်တွေသည် အတော်လေးတုန်ယင်နေသည်မို့ micတစ်ခုကိုပင် အသေအချာကိုင်နေရသည်။ဝမ်းသာလွန်းနေ၍ မည်သည့်စကားပြောစကားပြောရမလဲဆိုပင် မသိလောက်သည်အထိပင်။

"ေမာင့္ၾကင္နာသူ"(Completed)Where stories live. Discover now