Unicode
ချစ်ခြင်းမေတ္တာတွေနဲ့သစ္စာတရားတွေကို
တိုင်တည်ပြီးကျင်းပခဲ့တဲ့မင်္ဂလာပွဲအပြီးမှာတော့ မောင်နဲ့နုရဲ့နှလုံးသားတွေကွဲကြေခဲ့ရသည်။သွေးရင်းသားရင်းဖြစ်တဲ့၊နှလုံးသားနဲ့ရင်းပြီးမေတ္တာတွေပေးခဲ့ရတဲ့အမျိုးသမီးငယ်လေးကို သူစိမ်းအမျိုးသားလက်ထဲကိုအပြီးတိုင်ပေးအပ်လိုက်ရပြီဆိုသည့် အသိဟာ မောင်နဲ့နုကိုစူးနစ်စွာနာကျင်စေလေသည်။နှစ်တွေအကြာကြီးပိုင်ဆိုင်ခဲ့ရတဲ့ဒီသမီးလေးကိုမောင်နဲ့နုသည် အချိန်ခဏလေးအတွင်းမှာ လက်လွှတ်လိုက်ရသည်မို့ ဖြေမဆည်နိုင်အောင်ပင်ခံစားရသည်။မြူနှင်းလေးမပါတော့တဲ့ အိမ်အပြန်လမ်းသည် မောင်နဲ့နုအတွက် ခြောက်သွေ့ဖွယ်ကောင်းလွန်းနေသည်။မြူနှင်းလေးကို ကျောခိုင်းပြီးထွက်လာကတည်းက မောင့်မျက်ရည်တွေဟာ တာကျိုးသလိုပင် စီးပေတော့သည်။နောက်ဆုံးတော့လည်းမောင်နဲ့နုဟာ နာကျင်ကာကျန်ခဲ့ရတော့သည်။ဒါဟာကံကြမ္မာကြောင့်လား...။
မောင်နဲ့နုရဲ့အသက်ကလေးမြူနှင်းကြောင့်လား...။"မောင် ငိုချင်နေတယ်မဟုတ်လား။စိတ်ကိုတင်းမထားဘဲစိတ်ရှိလက်ရှိငိုချလိုက်။မဟုတ်ရင် မောင့်ရင်ထဲတင်းခံပြီးနာကျင်နေလိမ့်မယ်"
မင်္ဂလာပွဲပြီးသည်နဲ့ပြိုလဲချင်နေသည့်မောင်သည် အိမ်အပြန်လမ်း၌ ကားကိုပင်မမောင်းနိုင်သည်မို့ နုကိုယ်တိုင်မောင်းရသည်။မောင့်ပုံစံသည် ငိုချင်နေသည်ကို တမင်တကာထိန်းထားပုံက သိသာလွန်းနေသည်။ဒီလိုဆိုရင်မောင်နာကျင်မည်မဟုတ်လား။
"မောင်ရင်တွေနာနေပြီ။အခုချိန်ထိမောင်လေသမီးလေးကိုဘယ်သူ့ကိုမှမပေးချင်ခဲ့ဘူး။အခုတော့ တကယ်ကြီးပေးခဲ့ရပြီအန်တီရယ်"
"မောင့်ရင်ထဲမှာဘယ်လောက်နာကျင်နေမယ်ဆိုတာ တို့ခံစားမိပါတယ်။ဒါပေမယ့်လည်း အရာရာက ဖြစ်ချိန်တန်လို့ဖြစ်တာလေမောင်ရဲ့။အများကြီးအထိခိုက်မခံပါနဲ့မောင်ရယ်။
မောင့်စိတ်တွေပင်ပန်းလိမ့်မယ်"နုသည်ကားစီယာတိုင်ကို ဘယ်ဘက်သို့ကစားကာ လေသံအေးအေးနဲ့ဆိုနေသည်။ရပ်ကွက်ထဲကားတိုးဝင်လိုက်မှ မောင့်စိတ်တွေပိုပြီးရှုပ်ထွေးလာလေသည်။
မြူနှင်းလေးမရှိတဲ့အိမ်ထဲကိုမောင်က ဘယ်လိုအင်အားနဲ့များဝင်ရလေမလဲ။
မြူနှင်းရဲ့အပြုံးလေးတွေမဲ့သွားတဲ့ဒီအိမ်လေးဟာ မောင့်အတွက်တော့ချက်ချင်းဆိုသလိုခြောက်ကပ်သွားလေသည်။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)