အပိုင်း(၂)

78 9 0
                                    

" ဟိုဟာလေ..... "

Jeongwooစကားစလိုက်ပေမယ့်ဘာပြောရမှန်းမသိတော့ပါ၊ဘာလို့ဆိုလမ်းပေါ်ကဖြတ်လျှောက်သွားတဲ့လူတိုင်းက Haruto Jeongwooရဲ့လက်ကိုကိုင်ထားတာကိုကြည့် ပြုံးစိစိလုပ်သွားချင်းကြောင့်ပေ

" ကလေးလေးမင်းရှက်နေတာလား "

" ဘာကလေးလေးလဲ ခင်ဗျားအသက်ကရောကျုပ်ထက်ဘယ်နှစ် နှစ်ကြီးတာမို့လို့လဲ "

" စွာလိုက်တာကွာ....ကိုက18ပြည့်ပြီးသွားပြီး! "

" ဟင်.... "

" ဘာဖြစ်လို့လဲ! "

" ကျွန်တော့်အသက်က17ဗျ! "

" ဟားဟား ကိုကိုကအသက်အရွယ်ခန့်မှန်းတာတော်တယ်မလား! "

" ဘာကိုကိုလဲ!! "

Jeongwoo ပါးတွေရောနားရွက်တွေပါမကျန်နီရဲနေပြီ ဘယ်ယောင်္ကျားလေးတစ်ယောက်ကမှ သူ့ကိုဒီလိုမပြောဖူးဘူးလေ၊ ပြီးတော့ဘယ်သူကထင်မှာလဲ ဒီလူကြီးကသူ့ကိုသဘောကျနေတယ်လို့

" နောက်နေ့ကစပြီးကို့ ကို 'ကိုကို' လို့ခေါ်နော်၊ မခေါ်ရင်မင်းကိုအိမ်ပြန်မလွှတ်ဘူး "

Jeongwoo စိတ်ညစ်မိသလိုရှက်လဲရှက်မိသည်

" မခေါ်ဘူးဗျာ "

" ကောင်းပြီလေအဲ့လိုဆိုရင် မင်းရဲ့လက်ကိုငါဒီတသက်မလွှတ်ပေးနိုင်တော့ဘူးပေါ့ "

" ခင်ဗျားဘယ်လိုဖြစ်နေလဲ! "

" လွှတ်စေချင်ရင်ခေါ်လေ'ကိုကို'လို့ "

Jeongwooစိတ်ညစ်တာကိုကျော်လွန်ပြီးငိုချင်လာသည်

" ကိုကို၊ ကိုကို! ရပြီလား "

" ရပြီခလေး ပြီးတော့ကို့ကိုအိမ်လိပ်စာပြောပြ "

" ဗျာ! ကျွန်တော်ခင်ဗျားခေါ်ခိုင်းသလိုလဲခေါ်ပြီးသွားပြီလေဗျာ!! "

ငိုသံပါပါနဲ့ပြောနေသူ Jeongwoo ကြောင့် Harutoရယ်ချင်သွားသည်

" ကောင်းပြီလေအဲ့ဒါဆိုမနက်ဖြန်ကို့ကိုဒီမှာလာစောင့်နေ! ဪပြီးတော့ကိုက Dragonဆောက်လုပ်ရေးရဲ့ အမွေဆက်ဆံသူပဲ မနက်ဖြန်မင်းကိုဒီမှာမတွေ့လို့ကတော့ ကို့လူတွေကိုမင်းအိမ်စုံစမ်း ခိုင်းပြီးမင်းကို, ကိုကိုယ်တိုင်လာခေါ်မှာ! "

Haruto တစ်ယောက် Jeongwooလက်ကိုမလွှတ်တမ်းဆွဲထားရင်းပင်ခြိမ်းခြောက်နေသည်၊ Jeongwooတစ်ယောက် 'ကို' ချင်းထပ်နေအောင်ခြိမ်းခြောက်နေသူကြောင့် ‌သူကိုယ်တိုင်တောင်မသိပဲကြောက်နေမိ၏

" ‌လာ လာခဲ့မယ်! မနက်ဖြန်ဒီမှာငါရောက်နေရင်ပြီးရောမလား "

" ဟုတ်တယ်! ခလေးလေးရောက်နေဖို့ပဲလိုတယ် "

Harutoတစ်ယောက် Jeongwoo မျက်လုံးကိုစိုက်ကြည့်ကာ စကားတစ်လုံးချင်းစီကိုသေသေချာချာပြောနေသည်၊ ပြောပြီးတာနဲ့ Jeongwoo လက်ကိုလွှတ်ကာခရီးဆောင်အိတ်ကိုင်ပြီးလှည့်ထွက်သွားတော့သည်

" ဟိုဟာ ဘယ်အချိန်လာရမှာလဲ!! "

Haruto Jeongwoo ရဲ့အမေးကိုမကြားချင်ယောင်ဆောင်ပြီးထွက်သွားခဲ့သည်

****************

နောက်တစ်နေ့‌ နေ့လည်

Harutoတစ်ယောက် Eunjiနဲ့တွေ့နေကြနေ့လည်12နာရီ ရေမိုးချိုးကာ ချယ်ရီပင်ကြီးရှိရာသို့ထွက်လာခဲ့သည်သူချယ်ရီပင်နားမရောက်ခင်ကြည့်လိုက်တော့ သူကိုယ်တိုင်တောင်အံဩခဲ့ရသည် Jeongwoo ကကြိုရောက်နေခဲ့ပြီး အပင်အောက်ကခုံတန်းလေးပေါ်မှာငုတ်တုပ်လေးသူ့ကိုထိုင်စောင့်နေခဲ့တယ်

" Eunji ya....အမှန်တကယ်ပဲမင်းလားကွာ!! "

Harutoခပ်တိုးတိုးရေရွတ်လိုက်သည်၊ထို့နောက် Jeongwoo ရှိရာသို့ ခပ်မြန်မြန်ပြေးလာခဲ့သည်

" ရောက်နေတာကြာပြီလား "

" ခုနကမှရောက်တာပါ! "

Jeongwoo ကတော့ပြုံးရင်းပြောသည် ဘာလို့ထိုလူကြီးကို ပြုံးပြနေမိလည်းသူကိုင်တိုင်ပင်မသိခဲ့ပါ၊ သူသိတာတစ်ခုကတော့သူလည်းထိုလူကြီးအပေါ်ခံစားချက်တွေပိုနေမိပြီလေ

ချယ်ရီပင်လေးအောက်မှာ Haruto က Jeongwoo ကိုပြုံးရင်းကြည့်သည်၊ နောက်ဆုံးတော့ အနှီလူသားလေးကိုသူနက်ရှိုင်းစွာချစ်မိနေခဲ့ပြီပဲ

_________________
ဆာရန်းဟယ်🫶💜

Cherry blossomsWhere stories live. Discover now