" တီးတောင်! "Jeongwoo စာဖတ်နေတုန်းခြံတံခါးကဘဲလ်သံ မြည်လာခဲ့တယ်ပုံမှန်ဆို rutoကသွားဖွင့်တတ်ပေမယ့်ဒီနေ့တော့rutoကအရေးကြီးကိစ္စကြောင့်အလုပ်ကိုမဖြစ်မနေသွားရမှာဖြစ်တာမို့Jeongwooကိုစိတ်မချပေမယ့်လည်းမွေးဖွားလာမည့်ကလေးလေးအတွက်သူအလုပ်လုပ်ရမယ်၊ ruto, Jeongwoo ကိုအိမ်အပြင်မထွက်ဖို့ရယ်ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့ရယ်ပါ မသွားခင်ဆက်ကြားတောက်လျှောက်မှာတမ်းချွေခဲ့လေတယ်သို့သော် Jeongwooတို့ကမလုပ်နဲ့ဆိုပိုလုပ်လေတဲ့အမျိုးအစားပေမို့....
အခုဆိုရင်ဖြင့်Jeongwoo ဗိုက်လေးဟာ၁၄ပတ်အတွင်းသာရှိသေးပေမယ့်သာမာန်၁၄ပတ်ကိုယ်ဝန်ဆောင်တွေထက်ဗိုက်ကလေးဟာပိုပြီးသိသာလာတယ် Jeongwooတစ်ယောက်ထိုင်ရထရတာခက်ခဲတာကြောင့်ဗိုက်ကိုလက်တစ်ဖက်နှင့်ထိန်းကိုင်ပြီးကျန်လက်တစ်ဖက်ကိုခုံကိုအားယူထောက်ကာခြံတံခါးဆီသို့လျှောက်သွားလိုက်တယ်
Doyoung တစ်ယောက် rutoရဲ့ခြံရှေ့မှာတော်တော်ကြာကြာတံခါးလာမဖွင့်သေးတဲ့အဆုံး ဆောင့်ညောင့်ထိုင်ကာ စောင့်နေလိုက်တော့တယ်
ခဏကြာတော့အိမ်တံခါးဝကနေ rutoနီးပါးလောက်ရှည်တဲ့အရပ်ခန္ဓာကိုယ်ကျစ်ကျစ်တုပ်တုပ်လေးကိုမှ ဘောင်းဘီတိုအဖြူရောင်လေးနဲ့တီရှပ်ပွပွအဖြူရောင်လေးကိုဝတ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်ထွက်လာသည်မှာမသိလျှင်ဝါဂွန်းလုံးလေးလှိမ့်လာသလိုပင်
Doyoung ခဏတာမှင်သက်မိသွားပေမယ့်အဲ့ကောင်လေးက ruto မဟုတ်တာတော့သေချာ၏
" အာ...ညီစောင့်ရတာကြာသွားလား "
"............"
ဟမ်ငါ့ကို ' ညီ ' လို့ခေါ်လိုက်တာလားနေစမ်းပါအုံး အသားအရည်ကတော့အရမ်းအဖြူကြီးမဟုတ်ပေမယ့်အနီးကပ်ကြည့်မှ မျက်ခုံးတန်းတန်း၊မျက်နှာသွယ်သွယ်၊နှုတ်ခမ်းပါးပါး၊အနက်ရောင်မျက်လုံးလေးကိုမှဝံပုလွေမလေးလိုစူးရှပြီးသိမ့်မွေ့တဲ့အကြည့်ရယ်လိုက်ရင်လည်းနွေးဦးပန်းကလေးလိုလှလိုက်တာ
Doyoung တစ်ယောက်ငေးကောင်းနေတုန်း......
" ဟိုကျွန်တော်အိတ်တွေကူသယ်ပေးပါရစေ "
![](https://img.wattpad.com/cover/369070761-288-k798610.jpg)