ကျွန်တော်တို့အိမ်ထဲရောက်တော့ဧည့်ခန်းအတွင်းကSofaပေါ်မှာ ခြေချိတ်ကာထိုင်နေတဲ့ Daddy, ကျွန်တော် Daddyအရှေ့က ကျောက်သလင်းစားပွဲပေါ်အကြည့်ရောက်တော့ ကျွန်တော်နဲ့ခလေးရဲ့ချယ်ရီပင်အောက်မှာအတူတူရှိနေတဲ့ဓာတ်ပုံတွေကို စားပွဲပေါ်မှာဖြန့်တင်ထားသည်ကိုကြည့်လိုက်မိသည်နှင့် Daddyကြိုသိနေခဲ့သည်ဆိုတာသိလိုက်ရတယ်" Haruto!! မင်းဒါဘာအချိုး ချိုးတာလဲ "
Daddyကစားပွဲပေါ်က ပုံတွေကိုယူပြီးကျွန်တော့်ကိုပစ်ပေါက်လိုက်တယ်" ဟက်! Daddyကသိနေပြီသားဆိုတော့လဲကျွန်တော်ကတကူးတကကြီးအသိပေးစရာမလိုတော့ဘူးပေါ့ "
" တောက်စ်!! Haruto မင်းကငါမွေးလို့လူဖြစ်လာတာ ငါ့ကိုမလေးမစားလာမလုပ်နဲ့၊ မင်းညီမသဘက်ခါကျရင်ပြန်လာလိမ့်မယ် အဲ့အခါကြရင်မင်း Sakura နဲ့လက်ထပ်ဖို့ပြင်ထား "
" ကျွန်တော်ကတော့ ဟောဒီက Park Jeongwoo ဆိုတဲ့ကျွန်တော့်ရဲ့အမျိုးသားလေးကလွဲပြီး ဘယ်သူ့ကိုမှလက်မထပ်နိုင်ဘူး "
Harutoက Jeongwooရဲ့လက်ဖဝါးလေးတွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ချစ်ရသူရဲ့မျက်ဝန်းလေးကိုရီဝေစွာစိုက်ကြည့်ရင်းပြောသည်၊ Jeongwooကတော့မျက်ရည်လေးဝဲပြီး Haruto ကိုပဲစိုက်ကြည့်နေသည်။
" မင်းငါ့ကိုပြန်အာခံနေတာလား Haruto!! "
" ကျွန်တော်ပြန်အာခံနေတာလည်းမဟုတ်ဘူး၊ Daddyအတွက်ကျွန်တော့်ရဲ့ လွတ်လပ်တဲ့လူငယ်ဘဝကိုရော Daddyရဲ့လုပ်ငန်းတွေကိုအုပ်ချုပ်ဖို့အတွက်ကျွန်တော်ဝါသနာပါခဲ့တဲ့အရာအားလုံးကိုပါကျွန်တော်စွန့်လွှတ်ခဲ့ရတယ်၊ ပြီးတော့ကျွန်တော့်ကို Sakuraနဲ့စီစဉ်ပေးတယ်ဆိုတာလည်း Daddyရဲ့လုပ်ငန်းတွေတိုးတက်လာဖို့အတွက်ပဲရည်ရွယ်တယ်ဆိုတာ ကျွန်တော်ဘာဖြစ်ချင်လဲ ကျွန်တော်ဘာဝါသနာပါလဲ Daddyမေးခဲ့ဖူးလား "
Harutoရဲ့မျက်ဝန်းတွေထဲမှာနာကျင်မှုတွေအပြည့် ဒေါသထွက်နေတာကြောင့်အံကြိတ်ထားတဲ့မေးရိုးတွေဟာထင်းထွက်နေသည် Jeongwooကတော့မျက်ရည်လေးတွေဝဲလို့ပင် Harutoရဲ့လက်မောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်
" တောက်စ်!! "
Rutoရဲ့အဖေက တောက်တစ်ချက်ခေါက်လိုက်ပြီးSofaပေါ်ကနေထထွက်သွားသည်၊ Harutoနဲ့ Jeongwooသာ ဧည့်ခန်းထဲမှာကျန်ခဲ့သည်
" ကိုကို... "
Jeongwooရဲ့အသံလေးကြားတော့မှ Haruto ဒေါသထွက်နေတာတွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ချစ်ရသူရဲ့မျက်ဝန်းတွေကိုတစ်ချက်ကြည့်လိုက်တော့ မျက်ရည်လေးတွေဝဲသီနေသည်မှာ Harutoရဲ့ရင်ဘက်ထဲအောင့်သက်သက်ပင်
" ဘာလို့ငိုနေတာလဲခလေးရယ် ဒါငိုစရာမှမဟုတ်တာ "
Harutoက Jeongwooရဲ့မျက်ရည်လေးတွေကိုတယုတယသုပ်ပေးရင်းပြောသည်
"......."
" ဘာတွေပဲဖြစ်နေဖြစ်နေ၊ ဘာအခက်အခဲတွေပဲရှိနေရှိနေ ကိုခလေးကိုအဆုံးထိကာကွယ်သွားမယ် အဲ့ဒါကြောင့်ဘာမှဝမ်းနည်းနေဖို့မလိုဘူးခလေး "
"......."
Jeongwooခေါင်းအသာညိတ်လိုက်ပြီး Harutoရဲ့ ရင်ခွင်ထဲကိုတိုးဝင်သွားတယ်၊ Harutoလည်းJeongwooကိုပြန်လည်ပွေ့ဖက်ထားလိုက်သည်၊သူနာကျင်နေပေမယ့် Jeongwooအရှေ့မှာသူမျက်ရည်မကျချင်ပါ သူအရမ်းဝမ်းနည်းနေလည်း Jeongwoo အရှေ့မှာသန်မာတဲ့လူတစ်ယောက်အဖြစ်သာရှိနေချင်မိသည်
____________________
နောက်ကျသွားတယ်ရှင်😅🫶
![](https://img.wattpad.com/cover/369070761-288-k798610.jpg)