နောက်တစ်နေ့📳📳📳📳📳
Jeongwoo တစ်ယောက်ရေမိုးချိုးပြီးထွက်လာတဲ့အချိန်ကုတင်ပေါ်ကဖုန်းကအသံမြည်လာတာကြောင့်ဖုန်းကိုင်လိုက်တယ်
" Hello "
" မင်းနာမည်က Jeongwooနော် "
လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ရဲ့အသံ၊ အသံအနေထားအရခပ်ထန်ထန်တော့မရှိပေမယ့်လို့ပြတ်သားနေသည်
" ဟုတ် ဟုတ်ပါတယ်ဗျ ဘယ်သူလဲမသိဘူး "
" ခုမင်းအိမ်ကနေထွက်လာခဲ့ငါမင်းတို့လမ်းထိပ်က Cafeမှာစောင့်နေမယ် "
T.T.....
အမျိုးသမီးကအဲ့လိုပြောပြီးတာနဲ့ဖုန်းတန်းချသွားတယ်
" ဘယ်သူပါလိမ့်! "
Jeongwooအဝတ်အစားလဲပြီးဖုန်းထဲကအသံပိုင်ရှင်ပြောတဲ့ Cafeဆိုင်ဆီလျှောက်လာလိုက်တယ်
" မင်းက Jeongwooလား "
Jeongwooလိုက်ရှာနေတုန်းသူ့နောက်ကစားပွဲဝိုင်းကနေ ဖုန်းထဲကအမျိုးသမီးရဲ့အသံကြားလိုက်တယ်၊ သူလှည့်ကြည့်လိုက်တော့
" ဟုတ် ဟုတ်ပါတယ်ဗျ "
" ထိုင်ပါ "
အမျိုးသမီးကသူနဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်ခိုင်းလိုက်ပြီးတော့ Jeongwooကိုအကဲဖြတ်သလိုခေါင်းအစခြေအဆုံးကြည့်နေသည်
" မင်းကချောတာပဲ အဲ့ဒါကြောင့်ငါ့သားကသဲသဲလှုပ်နေတာကို "
" ဗျာ!! "
အမျိုးသမီးကပြုံးလိုက်ပြီး
" အန်တီက Harutoရဲ့အမေပါမနေ့ကမင်း Harutoနဲ့အိမ်လာတဲ့အချိန်အန်တီအလုပ်ကိစ္စရှိလို့အပြင်ရောက်နေတာနဲ့မင်းနဲ့မကြုံလိုက်တာ "
" ........ "
Jeongwoo ထိုအမျိုးသမီးကိုတွေတွေလေးငေးကြည့်နေမိတယ်၊ ဖြူဝင်းတဲ့အသားအရေ သားတစ်ယောက်အမေလို့မထင်ရလောက်အောင်ကိုနုပျိုလှတယ် မျက်ခုံးတန်းတန်း နှုတ်ခမ်းပါးပါး အနီရောင်ကိုယ်ကြပ်အကျီအတိုကိုမှ ကျောလယ်လောက်ရှိတဲ့ဆံပင်တွေကိုဖြန့်ချထားသည်
အမျိုးသမီးကသူ့ကိုခပ်ဆွေးဆွေးစိုက်ကြည့်လိုက်ပြီး သူမယူလာတဲ့အိတ်ထဲကနေစာအုပ်လေးတစ်အုပ်ကိုထုပ်ယူလိုက်တယ်
![](https://img.wattpad.com/cover/369070761-288-k798610.jpg)