( Doyoung ) " Haruto မင်းဒါ..တကယ်လား "( Haruto ) " ငါလိမ်ပြောတာမင်းမြင်ဖူးလို့လား Doyoung၊ သူကငါ့အချစ်ရဆုံးသူလေးငါ့ဘဝတစ်ခုလုံးကိုသူ့ကိုပုံအပ်ထားတာပြီးတော့ငါတို့ရင်သွေးလေးကိုရောပေါ့ "
Haruto, Jeongwooဗိုက်လေးကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီး အနူးညံ့ဆုံးပြုံးလိုက်တယ်
Doyoung pov : ဒါဆိုကောင်လေးက Harutoပြောတဲ့ "ချစ်ရသူ"ဆိုတာ....နေအုံးရင်သွေးလေးတဲ့လား....? ဘာကြောင့်များ...?
( Haruto ) " Doyoung! မင်းအဆင်ပြေရဲ့လား "
( Doyoung ) " ဟင်! ပြေပါတယ်ငါနည်းနည်းပင်ပန်းနေလို့ပါ "
( Haruto ) " အော်....ကောင်းပြီလေ ငါမင်းနားဖို့အခန်းလိုက်ပြပေးမယ် "
Harutoမက်တပ်ရပ်ကာJeongwooနှဖူးလေးကိုငုပ်မိုးနမ်းရှိုက်လိုက်ပြီး
( Haruto ) " ကို့အချစ်လေးဒီမှာခဏစောင့်နေနော် ကိုအခန်းလိုက်ပြလိုက်အုံးမယ် "
Jeongwoo pov : Haruto... မင်းအကြောင်းကိုငါမသိရင်ခက်မယ်
( Jeongwoo ) " ......... "
Jeongwoo ဘာမှပြန်မပြောပဲ Harutoကိုမျက်နှာလွှဲထားလိုက်တယ်
Harutoတစ်ယောက် Doyoung မျက်နှာကိုမြင်ကတည်းကအားလုံးကိုနားလည်သဘောပေါက်ထားပြီးသား Jeongwoo ကိုသူတစ်ယောက်ထဲပဲပိုင်တယ် Jeongwooကိုလဲသူကလွဲပြီးဘယ်သူ့ကိုမှမချစ်စေချင်သလို Jeongwooကိုတခြားလူကသဘောခဲ့ရင်လည်းအဲ့ဒီလူက သူငယ်ချင်းပဲဖြစ်ဖြစ်၊မိတ်ဆွေပဲဖြစ်ဖြစ်အာလုံးကိုသူ့ဘက်ကသွေးအေးအေးနဲ့အဆက်ဖျက်ပြစ်မှာပင်
( Haruto ) " ကို့ကိုခဏစောင့်နေနော်... "
Harutoတစ်ယောက်သူ့ဘက်ကိုလှည့်တောင်မကြည့်ပဲလျစ်လျူရှုထားတဲ့ Jeongwoo မျက်နှာလေးကိုငေးကြည့်ရင်းသက်ပြင်းချကာ Doyoungကိုခေါ်ပြီးပထမထပ်ကိုတက်သွားလေတော့တယ်
~~~~~~~~~~~~~~~
" (ဒုန်း!! ) ဘာ! Harutoက သူ့အိမ်မှာအဲ့ကောင်လေးကိုခေါ်ပြီးအတူတောင်နေ နေပြီဟုတ်သလား "
Mr, Watanabe ဒေါသထွက်ကာဧည့်ခန်းရှိစားပွဲအားပြင်းပြင်းဖြင့်တစ်ချက်ထုရိုက်လိုက်သည်
" ကျွန်မရှင့်ကိုဘယ်နှစ်ခါပြောရမလဲ Harutoကရှင့်သားမဟုတ်ဘူးလား၊ ဘယ်မိဘမဆိုကိုယ့်သားသမီးပျော်နေတာကိုမြင်ချင်ကြတာပဲ၊ သူချစ်တာမိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ်ရှင်ခွင့်ပြုပေးရမယ်မဟုတ်ဘူးလား! "
Mrs, Watanabeရဲ့အသံဟာဒေါသသံမစွက်သော်ငြားအံကျိတ်သံပါနေသည်
" တောက်စ်! မင်းကပါဘာဖြစ်နေတာလဲ၊ ငါ့မှာအရှက်သိက္ခာဆိုတာရှိသေးတယ်ကွ၊ငါ့သူငယ်ချင်း၊ဆွေမျိုးသားချင်း၊လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ကိုယ့်သားကယောက်ျားတစ်ယောက်ကိုကြိုက်နေတာပါဆိုပြီးလူကြားထဲငါ့ကိုအရှက်ကွဲစေချင်တာလား "
" အော်....ရှင်ကရှင့်ကိုယ်ရှင်ပဲကြည့်တာပေါ့၊ရှင့်အရှက်သိက္ခာအတွက်ပဲရှင်ကြည့်ခဲ့တာပေါ့ကျွန်မကိုလက်ထပ်ခဲ့တုန်းကလဲ ရှင့်အရှက်သိက္ခာအတွက်ပဲကျွန်မကိုတာဝန်မယူချင်ပဲလက်ထပ်ခဲ့ရတာပေါ့၊ ကျွန်မကကိုယ်ချင်းစာတတ်တယ်ကျွန်မသားပျော်ဖို့ဆိုကျွန်မဘာမဆိုအကုန်လုပ်မှာ ရှင်မကျေနပ်ရင်ကျွန်မရှင်နဲ့ကွာရှင်းမယ်သားကိုရှင်နဲ့အဝေးဆုံးမှာထားမှာ "
Mrs, Watanabe လက်ဆွဲအိတ်ကိုကိုင်ကာအပြင်ကိုဒေါသတကြီးနဲ့ထွက်သွားခဲ့တယ်
" တောက်စ်!! ငါကွာ... "
T.T.T
Mr, Watanabe ဖုန်းကိုင်လိုက်ပြီး
" ဟုတ်ပါပြီသမီးရယ် ဦးလေးအမြန်ဆုံးစီစဉ်ပေးမှာပါ "
" ~~~ "
" အမလေးစိတ်ချပါဗျာ... Harutoကသမီးနဲ့ပဲလက်ထပ်ရမှာပေါ့ "
" ~~~ "
" ဟုတ်ပြီဟုတ်ပြီ ဦးလေးဖုန်းချလိုက်တော့မယ်နော် "
" Haruto~Haruto မင်းငါ့ကိုတော်တော်ဒုက္ခပေးတဲ့ကောင်ပဲကွ! "
_____________________
Update နောက်ကျသွားတယ်ရှင်❤️🩹
စာမေးပွဲအတွက်ပြင်ဆင်နေရလို့ပါနော်အချစ်ကလေးတို့ မီအားနဲ🍓
![](https://img.wattpad.com/cover/369070761-288-k798610.jpg)