အပိုင်း(၁၁)

56 10 8
                                    


" ဟင်ဒါဘယ်နေရာ! အားစူးလိုက်တာ.. "

Jeongwooသတိရလာပြီးမျက်လုံးအား အားယူပြီးဖွင့်မိတော့ပြတင်းပေါက်ကနေထိုးထွက်လာတဲ့နေအလင်းရောင်စူးစူးကြောင့်သူ့မျက်လုံးတွေကျိန်းစပ်သွားတာတော့အမှန်ပင်၊သူမျက်လုံးတွေပြန်ပိတ်လိုက်ပြီးမိနစ်အနည်းငယ်ကြာအားယူပြီးဖြည်းဖြည်းချင်းဖွင့်လိုက်တော့ကုတင်ဘေးမှာသူ့လက်ဖဝါးလေးကိုကိုင်ရင်းအိပ်မောကျနေသူ

" ကို..ကိုကို "

Harutoပင်ပန်းလို့ထင်ပါရဲ့နှစ်ခြိုက်စွာအိပ်မောကျနေတာကြောင့် Jeongwooမနှိုးတော့ပဲ Harutoမျက်နှာလေးကိုသာတစ်စိမ့်စိမ့်ကြည့်နေမိတယ်၊ သူ့ထက်ပင်ဖြူဝင်းတဲ့အသားရေ၊မျက်တောင်ကော့ကော့လေးကိုမှစိတ်‌ဆိုးနေရင်အမြဲဆူထွက်လာတဲ့သူသဘောကျရတဲ့နှုတ်ခမ်းလေးရယ်ဒီလူသားလေးကိုသူချစ်မဝတာကိုတော့လက်ခံမိပေမယ့် rutoသူ့အပေါ်ရက်စက်ခဲ့တာတွေကလည်းထိုင်ကန်တော့ရင်တောင်ပြန်လက်ခံနိုင်စရာမရှိ

" ခလေး! "

Jeongwooလန့်ဖြန့်ပြီးမျက်လုံးအပြူးသားကြီးဖြင့် rutoကိုကြည့်နေမိသည် Haruto! ဘယ်ချိန်ကတည်းကနိုးနေတာလဲ

" .......... "

Haruto သူ့ကိုမျက်လုံးပြူးပြူးလေးတွေနဲ့စိုက်ကြည့်နေတဲ့သူ့ရဲ့ပါးဖောင်းဖောင်းလေးကိုဖြတ်ခနဲ‌ထပြီးနစ်ဝင်အောင်မွှေးကြူလိုက်တော့သူ့ကိုတွန်းမထုပ်ပါပဲငြိမ်ခံနေတဲ့ကောင်လေး

" ဟင် "

Jeongwooတစ်ယောက်အနမ်းခံလိုက်ရတဲ့ပါးလေးအားယောင်ယမ်းပြီးကိုင်ကြည့်မိ၏

" ဘာဖြစ်လို့လဲခလေး "

" ဘာလို့လာနမ်းတာလဲဘယ်သူကရောခွင့်ပြုလို့လဲ "

Jeongwooနှုတ်ခမ်းတစ်ထော်ထော်နဲ့ rutoကိုရန်တွေ့နေလိုက်သည်သို့သော်မတူညီကွဲပြားစွာrutoကတော့ပြုံးစိစိနဲ့ခလေးပေါက်စအားအသဲယားမိသည်

" ဟောကိုယ်နမ်းမိတာတော့ဝန်ခံပေမယ့်ခလေးကငြိမ်နေတာမဟုတ်ဘူးလား "

Jeongwooရှက်စိတ်တွေကြီးလာပြီးကုတင်ပေါ်ကကုန်းထတော့သည်၊သူဘာလို့ငြိမ်ခံနေမိတာပါလိမ့်

Cherry blossomsWhere stories live. Discover now