"အပြစ်ကင်းစင်လှတဲ့ချယ်ရီပန်းကလေးတွေရယ်ဘာမဟုတ်တဲ့ကိစ္စတွေအတွက်နဲ့မင်းတို့ကိုငါမမုန်းချင်ပါဘူး "Harutoက Jeongwooချယ်ရီပန်းလေးတွေကိုကြိုက်တတ်မှန်းသိလို့ ခြံဝန်းအပြည့် ချယ်ရီပင်ကြီးတွေတန်းစီအောင်စိုက်ပျိုးပေးထားလေသည်၊ ထိုချယ်ရီပင်ကြီးတွေထဲ၌တစ်ပင်မှာ နှစ်ယောက်စာခုံတန်းလေးတစ်ခုပါဝင်ပြီး Jeongwooတစ်ယောက်ဗိုက်က လေးကိုပွတ်သပ်လျက်ထိုထိုင်ခုံလေးပေါ်တွင်ထိုင်ကာတွေးတောနေမိသည်က....
Jeongwooငယ်ငယ်လေးကတည်းကပန်းလေးတွေကိုအရမ်းသဘောကျတဲ့ကောင်လေးတစ်ယောက်၊ကျောင်းသားဘဝမှာအခြားကျောင်းသားတွေကJeongwooကို အခြောက်ဆိုပြီးကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသလို Jeongwooနဲ့လဲဘယ်သူမှအပေါင်းအသင်းမလုပ်ခဲ့ကြဘူး၊ ထမင်းစားဆင်းချိန်တိုင်းသူကျောင်းနောက်က ချယ်ရီပင်ကြီးဆီမကြာခဏသွားထိုင်လေ့ရှိတယ်၊ ဆောင်းဦးရာသီရဲ့လေပြေလေအေးလေးတွေကနေသယ်ဆောင်လာတဲ့ချယ်ရီပန်းရနံ့လေးတွေကနေတစ်ဆင့်သူခံစားခဲ့ရတဲ့နာကျင်မှုတိုင်းကို ထိုရနံ့လေးအားရှူရှိုက်ရင်း ဖြေဖျောက်လေ့ရှိတယ်
" ဟူးးး "
" စိတ်ညစ်စရာများရှိလို့လားကောင်လေး "
" ဟင် "
ထိုအချိန် Jeongwooပခုံးပေါ်ကျရောက်လာတဲ့လက်တစ်စုံ၊ သူမော့ကြည့်လိုက်တော့ သူမော့ကြည့်လိုက်တော့
" အကို Doyoung! "
Doyoung, Jeongwooကိုညင်သာစွာပြုံးပြလိုက်ပြီး Jeongwooထိုင်နေတဲ့ချယ်ရီပင်ကြီးအောက်က ထိုင်ခုံလေးပေါ်မှာ Jeongwooနဲ့ဘေးချင်းကပ်လျက်ဝင်ထိုင်လိုက်တယ်
" Haruto အလုပ်သွားတာလားကောင်လေး "
" အင်းအရေးကြီးတဲ့အစည်းအဝေးပွဲတစ်ခုရှိလို့တဲ့ "
" အော်... ဒါနဲ့ အရင်ကလဲHarutoဒီလိုအလုပ်သွားတဲ့အချိန်ကောင်လေးတစ်ယောက်ထဲကိုယ်ဝန်နဲ့အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တာလား "
" .......... "
Jeongwooခေါင်းကိုအသာအယာငြိမ့်ပြလိုက်တယ်
" Harutoအဲ့ကောင်က တဇွတ်ထိုးသူလုပ်ချင်တဲ့အရာသူလိုချင်တဲ့အရာဆိုရင်ဘယ်သူ့ကိုမှဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး၊ အခုလဲကြည့် ကောင်လေးက ကိုယ်ဝန်ကြီးနဲ့ကိုအိမ်မှာတစ်ယောက်ထဲထားခဲ့တယ် ကိုယ်သာမရှိရင်ကောင်လေးတစ်ခုခုဖြစ်သွားနိုင်တယ်မလား "