Cafeဆိုင်တစ်ခုရဲ့ VIP roomထဲတွင်" သားဘာတွေလုပ်နေတာလဲ "
" Mommyသိပြီးပြီပေါ့ "
" ဟုတ်တယ် MommyသိပြီးပြီသားသာJeongwooလေးကိုတကယ်ချစ်တယ်ဆိုရင်သူ့ကိုသူ့မိဘတွေဆီပြန်ပို့ရမယ်သား "
ချက်ခြင်းဆိုသလိုHarutoရဲ့မျက်နှာမှာထိတ်လန့်မှုတွေအပြည့်ဖြစ်သွားခဲ့ပြီး
" ဟင့်အင်းကျွန်တော်အဲ့လိုမလုပ်နိုင်ဘူး သူကျွန်တော့်ကိုထားသွားလိမ့်မယ်ဟင့်အင်းမရဘူး "
" သား! သတိလေးကပ်စမ်းပါ "
မျက်စံတွေလှုပ်ရှားနေပြီးဂနာမငြိမ်ဖြစ်နေတဲ့ Harutoပုံစံကအရူးတစ်ယောက်လိုပင်
" Mommyကျွန်တော်ဒီလိုတောင်းပန်းပါရစေ သူ့ကိုကျွန်တော့်ဆီကနေ ခေါ်ထုတ်မသွားပါနဲ့ဗျာ "
Harutoဒူးထောက်လျက်တောင်းဆိုမိသည်
" မရဘူးသား Jeongwooကကျောင်းတက်နေတာလေပြီးတော့သူ့မှာလည်းမိသားစုရှိတယ်သူလဲသူ့မိဘတွေနဲ့အတူနေချင်မှာပဲသားရယ်လက်လွှတ်လိုက်ပါတော့ "
" ဟင့်အင်းကျွန်တော်မလုပ်နိုင်ဘူး Mommyကျွန်တော်မလုပ်နိုင်ဘူး "
" Haruto!! သတိကပ်စမ်းသူ့နာမည်က Park Jeongwoo! Eunjiမဟုတ်ဘူး!! "
" ....... "
ချက်ခြင်းဆိုသလို Harutoရဲ့ခန္ဓာကိုယ်ဟာတည်ငြိမ်သွားပြီးဒေါသမျက်ဝန်းတွေနဲ့ Mrs, Watanabe ကိုစူးစိုက်ကြည့်လိုက်တယ်
" ကျွန်တော်သိတယ် "
" ....... "
" သူက Eunji မဟုတ်မှန်းကျွန်တော်သိတယ်သူက Eunjiလိုမျိုးကျွန်တော့်အနားကထွက်သွားမယ့် Eunjiမဟုတ်မှန်းကျွန်တော်သိတယ် ပြီးတော့သူထွက်သွားချင်ရင်တောင်ကျွန်တော့်အနားကနေသေတဲ့အထိထွက်မသွားရဘူး "
Harutoပြောပြီးတာနဲ့ဆိုင်ထဲကနေဒေါသ သကြီးထွက်သွားတော့တယ် ကျန်ခဲ့တဲ့ Mrs, Watanabe မှာတော့သားဖြစ်သူအတွက်ဝမ်းနည်းပြီးမျက်ရည်ကျယုံကလွဲလို့သူမတတ်နိုင်တော့ဘူး
^^^^^^^^^^^^^^^^^^^
" ခလေးကိုယ်ပြန်လာပြီ "
Haruto ဘောင်းဘီအိတ်ကပ်ထဲကသော့တစ်ချောင်းကိုထုပ်ယူလိုက်ပြီးတံခါးကိုဖွင့်ကြည့်လိုက်တော့
