" Daddy ကျွန်တော့်ကိုဘာလို့ခေါ်လိုက်တာလဲ "Mr, Watanabe ဟာစာအုပ်ဖတ်နေရင်းသားဖြစ်သူအား မော့ကြည့်ကာဘေးနားက sofaပေါ်မေးငေါ့ပြလိုက်သည်
" ထိုင်! "
" Daddy ကျွန်တော်ကိုပြောစရာရှိတာသာပြောပါ ကျွန်တော်သိပ်အချိန်မရဘူး "
Mr, Watanabe ဟာစာအုပ်ကိုကျောက်သလင်းစာပွဲပေါ်သို့ချလိုက်ပြီး
" Haruto မင်းSakuraနဲ့လက်ထပ်မယ်ဆိုရင်....လက်ရှိငါဦးစီးနေတဲ့Dragon ဆောက်လုပ်ရေးကြီးကမင်းအပိုင်ပဲ "
" ဟက်! ကျွန်တော့်အတွက်အဲ့ဒါတွေမလိုအပ်ဘူး Mommyရဲ့Companyမှာကျွန်တော်CEOရာထူးနဲ့လုပ်ကိုင်နေတယ်ပြီးတော့သိပ်မကြာခင်မှာကျွန်တော်က WH Company ရဲ့ဥဣဌဖြစ်လာတော့မှာ....အဲ့ဒီအခါကြရင် Daddyထက်ကျွန်တော်ပိုသာအောင် လုပ်ပြမယ် "
" ကောင်းပြီလေ! အဲ့လိုဆိုတော့လည်း Park Jeongwooတဲ့နော်နာမည်က "
Harutoမျက်နှာဟာစိုးရိမ်ထိတ်လန့်မှုတွေအပြည့်ဖြစ်သွားပြီး
" Daddy! ကျွန်တော်နဲ့ဖြစ်တဲ့ကိစ္စကိုဘာအပြစ်မှမရှိတဲ့သူ့ဆီဒုက္ခတွေမပေးချင်ပါနဲ့ "
" ဟားဟားဟား! Harutoမင်းမြဲမြဲမှတ်ထားရမှာက မင်းကငါ့သားဖြစ်နေသေးတယ်ဆိုတာကိုပဲ မင်းအမေရဲ့ဘာမဟုတ်တဲ့ Company အသေးလေးကDragonဆောက်လုပ်ရေးကြီးရဲ့ခြေဖျားတောင်မှီရဲ့လား "
" ခင်ဗျားကိုကျုပ်အဖေမို့သီးခံနေတာ၊ ခင်ဗျားတော်တော်လွန်လာပြီပဲ "
" ဆိုတော့ဒီစာချုပ်မှာလက်မှတ်ထိုးမလား မင်းရဲ့ Jeongwooဆိုတဲ့ပိုင်းလုံးကောင်ကိုအသေခံမလား "
" ခင်ဗျားသူ့ကိုအဲ့လိုပြောစရာဘာအကြောင်းအရင်းမှမရှိဘူး၊ ခင်ဗျားဘာသာခင်ဗျား Sakuraဆိုတဲ့မိန်းမရဲ့အဖေနဲ့စကားလက်ချော်တွေဖြစ်ပြီးမှကျွန်တော့်ကိုဒုက္ခလာပေးနေတာလား "
" အဲ့ဒါငါ့ကိစ္စပါ ဟိုကောင်ရဲ့အသက်ကငါ့လက်ထဲမှာပဲရှိတယ်၊ မင်းဆုံးဖြတ်ပါ "
Haruto တစ်စုံတစ်ခုကိုပြောသင့်မပြောသင့်စဉ်းစားနေမိတယ်၊ တကယ်လို့ ခလေးမှာသူ့ရဲ့ရင်သွေးလေးရှိနေတယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ရင်သူ့ရဲ့အဖေဆိုသူကယုံမှာတဲ့လား၊အကယ်၍ယုံခဲ့ရင်တောင်ဘာအပြစ်မှမရှိတဲ့သူ့ခလေးနဲ့ လူလောကကြီးထဲတောင်ရောက်မလာသေးတဲ့သူ့ရင်သွေးလေးကိုပါအန္တရယ်ပေးလိမ့်မယ်၊ သူ့အဖေကသူ့အတွက်ပဲသူကြည့်တဲ့သူ၊သားဖြစ်တဲ့ ကျွန်တော့်ကိုတောင်သူနာမည်ရဖို့အတွက်ပဲအသုံးချခဲ့တာ
" ကျုပ်ကိုအချိန်ခဏလောက်ပေးပါ "
" ကောင်းပြီလေ မင်းထွက်ပြေးဖို့တော့မကြံနဲ့ငါ့အကြောင်းသိတယ်မလား "
" ......... "
Harutoအံတင်းတင်းကြိတ်ပြီးဒေါသမျက်လုံးတွေနဲ့ Mr, Watanabe ကိုတစ်ချက်ကြည့်လိုက်ပြီး စားပွဲအားခြေထောက်ဖြင့်ဆောင့်ကန်လိုက်သည်၊ ထို့နောက် ခြေလှမ်းကျဲတွေဖြင့်ထိုအိမ်မှထွက်ခွာသွားတော့သည်
^^^^^^^^^^^^^^^^^^^^^^^
" Haruto! သူဘာလို့ဒီလောက်တောင်နောက်ကျနေရတာလဲ၊ လမ်းမှာများတစ်ခုခုဖြစ်နေတာလား၊ ဟင့်အင်း သူအဆင်ပြေမှာပါ၊ ငါဘာဖြစ်နေတာလဲ၊ ငါသူ့ကိုစိတ်ပူပေးနေတာလား "
Jeongwooဟာ ကိုယ်ဝန်ရင့်လာတာနဲ့ Haruto ကိုပိုပိုပြီးကပ်တွယ်ချင်လာသည်၊ Harutoမရှိရင်သူမနေတတ်တစ်ခုခုလိုနေသလိုအမြဲတမ်းခံစားရသည်၊ ညဘက်အိပ်ရင်လည်း Harutoရင်ခွင်ထဲမှာ Haruto ရဲ့ကိုယ်သင်းရနံ့လေးအားရှူရှိုက်နေမှသူအိပ်ပျော်သည်၊ အခုလဲ "အလုပ်ကိစ္စလေးနည်းနည်းရှိနေလို့ အပြင်ခဏသွားရမှာ၊မကြာပါဘူးခလေးရယ်အပြန်ကျရင်ကိုမုန့်ဝယ်လာခဲ့မယ် " ဆိုပြီးအခုထိအိမ်ပြန်ရောက်မလာသေးပါ
_______________________
💓