Unicode
"အဖိုး"
"ဟေ"
ဦးထင်လင်းအောင်တစ်ယောက်ဧည့်ခန်းမှာထိုင်ရင်းသတင်းစာဖတ်နေတုန်းခေါ်သံကြားလို့အိမ်တံခါးဝကိုလှမ်းကြည့်လိုက်မိသည်။
"မင်း...ခမ်းနားထည်ဝါ မလား"
"ဟုတ်ပါတယ် အဖိုး..."
"လာလေကွာ အိမ်ထဲဝင်ထိုင်ဦး ...မင်းဘယ်တုန်းကပြန်ရောက်သလဲကွ"
"ကျွန်တော်မနေ့ကညနေကပါ အဖိုး"
"အေးကွာ မတွေ့ရတာလဲအတော်ကြာပြီကို"
"ဒါနဲ့ နွေရောအဖိုး"
"မြေးနဲ့မင်းကနဲနဲလေးလွဲသွားတာပဲ မြေးကအစောလေးတင်ကုမ္ပဏီထွက်သွားတာ"
"နွေက ကုမ္ပဏီကိုတောင်ကိုယ်တိုင်ဦးစီးနေပြီလား"
"အဲ့လိုလေးတွေဖြစ်သွားတယ်ကွာ မကြာခင်လဲအိမ်ထောင်ပြုတော့မှာဆိုတော့"
"ဗျာ! အိမ်ထောင်ပြုတော့မယ် နွေက ...ဟုတ်လားအဖိုး"
"အေးလေကွ မင်းမသိသေးဘူးလား မြေးနဲ့ဒီကြားထဲအဆက်အသွယ်မလုပ်ကြဘူးလား"
"ဟုတ်တယ်အဖိုး နွေကဘယ်သူနဲ့လဲ"
"တော်ဝင်စော်ဘွားမျိုးနွယ်ရဲ့ဆက်ခံသူမောင်တော်ဝင်လင်္ကျာနဲ့လေ"
"တော်ဝင်လင်္ကျာ "
မင်းနဲ့ငါနဲ့ကအတော်လေးကိုအကြောင်းပါလာကြတာပဲတော်ဝင်လင်္ကျာ။ ပြေငြိမ်းသွားတဲ့အညှိုးတွေကတစ်ခါပြန်ပြီးတောက်လောင်ရဦးမှာနဲ့တူပါတယ်။ သေချာတာကတော့အရင်ကရောအခုရောမင်းကငါ့ရဲ့ရန်သူပဲ။
.........
Loui Groupရှေ့မှာlamborghini sports carအဖြူလေးဟာအရှိန်ခပ်ငြိမ်ငြိမ်ဖြင့်ရပ်တန့်သွားသည်။ထိုကားပေါ်မှwhite suitကိုဝတ်ဆင်ထားကာရွှေအိုရောင်ဆံပင်တွေကိုခပ်မြင့်မြင့်မြှောက်စီးထားတဲ့မိန်းကလေးတစ်ဦးဆင်းလာသည်။
"အားလုံးပဲ ceoအသစ်ရောက်လာပြီ!!!!!"
HRအစ်မတစ်ယောက်ရဲ့အော်သံအဆုံးဝန်ထမ်းအားလုံးမှာထိုင်ရမလိုထရမလိုအနေအထားကိုရောက်ကုန်ကြသည်။ ဒီနေ့မှကုမ္ပဏီကိုစပြီးအုပ်ချုပ်မှာဆိုပေမယ့်ကြားထားရတဲ့သတင်းမွှေးမွှေးတွေဟာသိပ်တော့မကောင်းချင်။ Ceoဟာသိပ်ကိုစည်းကမ်းတင်းကျပ်ပြီး၊ အသေးအမွှားလေးကအစဘယ်တော့မှလွယ်လွယ်ကျော်မသွားတတ်ဘူးဆိုတာတွေ။ Ceoမျက်နှာကိုဘယ်သူမှစေ့စေ့ပင်စိုက်မကြည့်ရဲလောက်အောင်Ceoရဲ့သတင်းတွေဟာအဲ့သလိုကိုနားထောင်ကောင်းပါသည်။